ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၅
  • ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနိုင်ကျင့်ခြင်းအကြောင်း ငါဘာသိထားသင့်သလဲ
  • ငါဘယ်လို ကူညီပေးနိုင်မလဲ
  • အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ
    လူငယ်များအမေး
  • အနိုင်ကျင့်ခံရတဲ့အခါ ယေဟောဝါကို မှီခိုအားကိုးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၅
ဖခင် ဖွင့်ပေးတဲ့ တံခါးဆီ သားဖြစ်သူ ခေါင်းငိုက်စိုက်နဲ့ ဝင်လာစဉ်

မိသားစုအတွက် အကူအညီ

ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

ကျောင်းမှာ အနိုင်ကျင့်ခံနေရတယ်လို့ သားက ပြောတယ်။ သင် ဘာလုပ်နိုင်သလဲ။ အနိုင်ကျင့်တဲ့သူကို အပြစ်ပေးဖို့ ကျောင်းကို တောင်းဆိုရမလား။ လက်တုံ့ပြန်ဖို့ သားကို သင်ပေးရမလား။ မဆုံးဖြတ်ခင် အနိုင်ကျင့်ခြင်းနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ပါ။a

  • အနိုင်ကျင့်ခြင်းအကြောင်း ငါဘာသိထားသလဲ

  • ငါဘယ်လို ကူညီပေးနိုင်မလဲ

အနိုင်ကျင့်ခြင်းအကြောင်း ငါဘာသိထားသင့်သလဲ

အနိုင်ကျင့်ခြင်းဆိုတာ ဘာလဲ။ အနိုင်ကျင့်ခြင်းဆိုတာ တမင်တကာ ကာယပိုင်း၊ စိတ်ပိုင်း ဒုက္ခပေးနေခြင်း ဖြစ်တယ်။ ဒါကြောင့် စော်ကားမှု၊ ရန်လိုမှုတိုင်းဟာ အနိုင်ကျင့်ခြင်း မဟုတ်ပါဘူး။

ဘာကြောင့် အရေးကြီးသလဲ။ ဘယ်လောက်ပဲ သေးငယ်ပါစေ ဝမ်းနည်းစေတဲ့ အမူအကျင့် မှန်သမျှအတွက် “အနိုင်ကျင့်ခြင်း” ဆိုတဲ့ ဝေါဟာရကို တချို့ အသုံးပြုကြတယ်။ ဒါပေမဲ့ သေးငယ်တဲ့ကိစ္စတွေကို ရေးကြီးခွင့်ကျယ် လုပ်ရင် လက်ရှိနဲ့ နောင်အနာဂတ်အတွက် လိုအပ်တဲ့ စွမ်းရည်၊ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည် မရှိအောင် ကိုယ့်ကလေးကို တလွဲသင်ပေးရာ ရောက်သွားနိုင်တယ်။

ကျမ်းစာအခြေခံမူ။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။”—ဒေသနာ ၇:၉။

အဓိကအချက်။ အခြေအနေတချို့မှာ ကြားဝင်ဖြေရှင်းပေးဖို့ လိုအပ်နိုင်ပေမဲ့ အခြေအနေတချို့ကိုတော့ ပြဿနာတွေ ဖြေရှင်းတတ်အောင်၊ လူတွေနဲ့ ပေါင်းသင်းတတ်အောင် သင်ယူဖို့ ကလေးကို အခွင့်အရေး ပေးလိုက်နိုင်ပါတယ်။—ကောလောသဲ ၃:၁၃။

ဒါပေမဲ့ တမင်တကာ စော်ကားနှောင့်ယှက်ခံနေရတယ်လို့ သင့်ကလေးက ပြောလာရင်ကော။

ငါဘယ်လို ကူညီပေးနိုင်မလဲ

  • သင့်ကလေးရဲ့ စကားကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ (၁) ဘာ ဖြစ်နေသလဲ၊ (၂) ဘာကြောင့် အနိုင်ကျင့်ခံနေရသလဲဆိုတာကို သိအောင် လုပ်ပါ။ အချက်အလက်အားလုံး မရသေးခင် မဆုံးဖြတ်ပါနဲ့။ ‘ကိုယ်မသိသေးတာ ဘာတွေ ရှိနိုင်သလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ အခြေအနေအားလုံး သိထားပြီဆိုရင် သင့်ကလေးရဲ့ ဆရာ/မနဲ့ဖြစ်ဖြစ်၊ တစ်ဖက် ကလေးရဲ့ မိဘတွေနဲ့ဖြစ်ဖြစ် ဆွေးနွေးဖို့ လိုအပ်နိုင်ပါတယ်။

    ကျမ်းစာအခြေခံမူ။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။”—ပညာအလိမ္မာ ၁၈:၁၃။

  • အနိုင်ကျင့်ခံနေရတယ်ဆိုရင် တုံ့ပြန်ပုံက ပိုကောင်းသွားစေနိုင်သလို ပိုဆိုးသွားစေနိုင်ကြောင်း သဘောပေါက်အောင် သင့်ကလေးကို ကူညီပေးပါ။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်။” (ပညာအလိမ္မာ ၁၅:၁) လက်တုံ့ပြန်ခြင်းက အနိုင်ကျင့်ခြင်းကို လျော့နည်းမသွားစေဘဲ ပိုဆိုးသွားစေနိုင်တယ်။

    ကျမ်းစာအခြေခံမူ။ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။”—၁ ပေတရု ၃:၉။

  • လက်တုံ့မပြန်ခြင်းက အားနည်းခြင်း မဟုတ်ကြောင်း သင့်ကလေးကို ရှင်းပြပါ။ သူတစ်ပါးရဲ့ ထိန်းချုပ်မှုကို လွန်ဆန်နိုင်တဲ့အတွက် ခွန်အားကြီးခြင်း ဖြစ်တယ်။ တစ်နည်းပြောရရင် အနိုင်ကျင့်ခြင်းကို အနိုင်ယူနေခြင်း ဖြစ်တယ်။

    ဆိုက်ဘာအနိုင်ကျင့်မှု ခံနေရရင် သင့်ကလေး မှတ်ထားဖို့ အထူးအရေးကြီးတယ်။ အွန်လိုင်းမှာ ဒေါသတကြီး အပြန်အလှန် တိုက်ခိုက်နေခြင်းက ဆက်အနိုင်ကျင့်ခွင့် ပြုနေရာရောက်သလို အနိုင်ကျင့်ခံရဖို့ လမ်းဖွင့်ပေးရာလည်း ရောက်သွားနိုင်တယ်။ ဒါကြောင့် တစ်ခါတလေ အကောင်းဆုံး တုံ့ပြန်နည်းကတော့ မတုံ့ပြန်ဘဲ နေလိုက်ခြင်းပါပဲ။ ဒီနည်းနဲ့ အနိုင်ကျင့်မှုကို လျှော့ချထိန်းချုပ်နိုင်မယ်။

    ကျမ်းစာအခြေခံမူ။ “ထင်းမရှိရင် မီးငြိမ်းသွား ... တယ်။”—ပညာအလိမ္မာ ၂၆:၂၀။

  • အခြေအနေတချို့မှာ သင့်ကလေးအနေနဲ့ အနိုင်ကျင့်မှုကို ဖိတ်ခေါ်ရာရောက်တဲ့ လူတွေ၊ နေရာတွေကို ရှောင်လို့ရတယ်။ ဥပမာ၊ အနိုင်ကျင့်မယ့်ပုံပေါ်တဲ့လူ ဒါမှမဟုတ် လူအုပ် ရှိတဲ့နေရာကို သိထားရင် တခြားလမ်းကနေ ရှောင်ကွင်းသွားနိုင်ပါတယ်။

    ကျမ်းစာအခြေခံမူ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံ မရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃။

ဖခင်က သားရဲ့ ဆရာမနဲ့ စကားပြောနေစဉ်။ ဖခင်က တခြားကလေးရဲ့ ဖခင်နဲ့ စကားပြောနေစဉ်

သင့်ကလေးရဲ့ ဆရာ/မနဲ့ဖြစ်ဖြစ်၊ တစ်ဖက် ကလေးရဲ့ မိဘတွေနဲ့ဖြစ်ဖြစ် ဆွေးနွေးဖို့ လိုအပ်နိုင်

စမ်းလုပ်ကြည့်ပါ။ ရွေးချယ်မှုရဲ့ အကျိုးအပြစ်တွေကို စဉ်းစားတတ်အောင် သင့်ကလေးကို ကူညီပါ။ ဥပမာ-

  • အနိုင်ကျင့်မှုကို လျစ်လျူရှုလိုက်ရင် ဘာဖြစ်နိုင်သလဲ။

  • အနိုင်မကျင့်ဖို့ ခိုင်မာပြတ်သားစွာ တားလိုက်ရင်ကော။

  • အနိုင်ကျင့်မှုအကြောင်း ကျောင်းကို တိုင်လိုက်ရင်ကော။

  • အနိုင်ကျင့်မှုကို ခင်မင်ရင်းနှီးမှု၊ ရယ်စရာနဲ့ ချေဖျက်လိုက်နိုင်မလား။

ကိုယ်တိုင် အနိုင်ကျင့်ခံရသည်ဖြစ်စေ၊ အွန်လိုင်းမှာ အနိုင်ကျင့်ခံရသည်ဖြစ်စေ အနိုင်ကျင့်မှု အခြေအနေချင်း မတူကြဘူး။ ဒါကြောင့် လက်တွေ့ကျတဲ့ ဖြေရှင်းနည်း ရှာတွေ့ဖို့ သင့်ကလေးနဲ့အတူ လုပ်ဆောင်ပါ။ တောက်လျှောက် ကူညီပေးသွားမယ့်အကြောင်း နှစ်သိမ့်ပေးပါ။

ကျမ်းစာအခြေခံမူ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇။

a ဒီဆောင်းပါးမှာ သားဆိုပြီး ယောက်ျားလေးကို ရည်ညွှန်းထားပေမဲ့ မိန်းကလေးတွေနဲ့လည်း သက်ဆိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ