ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၂၈
  • ကူဗေးဘိတ် ဝေလငါးရဲ့ ရေငုပ်နိုင်စွမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကူဗေးဘိတ် ဝေလငါးရဲ့ ရေငုပ်နိုင်စွမ်း
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟိုမှာ၊ ဝေလငါးတွေ ရောက်လာကြပြီ
    နိုးလော့!—၂၀၁၅
  • ကျောခုံးဝေလငါးရဲ့ ရေယက်တောင်
    နိုးလော့!—၂၀၁၃
  • ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • အောက်စီဂျင် သယ်ယူပို့ဆောင်ရေးစနစ်
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၂၈
ကူဗေးဘိတ် ဝေလငါး

BluePlanetArchive/Whale Watch Azores

အလိုလို ဖြစ်လာနိုင်ပါ့မလား

ကူဗေးဘိတ် ဝေလငါးရဲ့ ရေငုပ်နိုင်စွမ်း

ကူဗေးဘိတ် ဝေလငါး (Cuvier’s Beaked Whale) တွေက ၂,၉၉၂ မီတာ (၉,၈၁၆ ပေ) အနက်အထိ ရေငုပ်နိုင်ကြတယ်။ အဲဒီရေအနက်မှာဆို ဖိအား ၃၀,၃၀၀ ကီလိုပါစကယ် (၄,၃၉၀ psi) နီးပါးရှိတယ်။ အဲဒီဝေလငါးတွေက ရေထဲမှာလည်း အချိန်အကြာကြီး နေနိုင်ကြတယ်။ မှတ်တမ်းတစ်ခုအရ ကူဗေးဘိတ် ဝေလငါးတစ်ကောင်ဟာ ရေထဲမှာ ၃ နာရီ ၄၂ မိနစ်အထိ နေခဲ့တယ်။ လေရှူတဲ့ ဒီနို့တိုက်သတ္တဝါတွေဟာ ဖိအားအင်မတန်များပြီး အောက်စီဂျင်နည်းနည်းလေးပဲရှိတဲ့ ရေအနက်မှာ ဘာကြောင့် ဒီလောက်ကြာကြာ နေနိုင်တာလဲ။

ရေနေနို့တိုက်သတ္တဝါ ၄ ကောင်ရဲ့ ရေငုပ်နိုင်တဲ့ ခန့်မှန်းခြေအနက်ကို ပုံမှာပြထားတယ်။ ၁။ ကယ်လီဖိုးနီးယား ပင်လယ်ဖျံ– ၂၇၀ မီတာ။ ၂။ စပန်းဝေလငါး– ၂,၂၅၀ မီတာ။ ၃။ မြောက်ပိုင်း ပုလင်းနှာခေါင်း ဝေလငါး– ၂,၃၄၀ မီတာ။ ၄။ ကူဗေးဘိတ် ဝေလငါး– ၂,၉၉၀ မီတာ။

ရေနေနို့တိုက်သတ္တဝါတွေလိုပဲ ဝေလငါးတွေလည်း ရေငုပ်တဲ့အခါ နံရိုးအိမ်ကော အဆုပ်ပါ ကျုံ့သွားတယ်။ ရေနေနို့တိုက်သတ္တဝါတွေဟာ နှလုံးခုန်နှုန်း သိသိသာသာ ကျဆင်းသွားလို့ အောက်စီဂျင် သိပ်မလိုဘူး၊ ခန္ဓာကိုယ်အနှံ့က သွေးတွေဟာ ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေဆီ ပြန်စီးဆင်းလာတာကို သုတေသီတွေ ရှာဖွေတွေ့ရှိထားတယ်။

ဒါ့အပြင် ရေနေနို့တိုက်သတ္တဝါတွေဟာ မိုင်ယိုဂလိုဘင်ဆိုတဲ့ ပရိုတင်းတစ်မျိုးကြောင့် ကြွက်သားထဲမှာ အောက်စီဂျင်ကို သိုထားနိုင်တယ်။ ရေနက်နက်ငုပ်တဲ့အခါ လိုအပ်တဲ့အောက်စီဂျင်ကို မိုင်ယိုဂလိုဘင်က ထုတ်ပေးတယ်။ ရေနေနို့တိုက်သတ္တဝါတွေမှာ လူတွေနဲ့ ကုန်းနေသတ္တဝါတွေထက် မိုင်ယိုဂလိုဘင် အဆပေါင်းများစွာ ရှိတယ်။

ကူဗေးဘိတ်ဝေလငါးနဲ့ ပတ်သက်ပြီး သုတေသီတစ်ယောက် အခုလိုပြောတယ်– “ဇီဝကမ္မဗေဒအကြောင်း ကျွန်တော်တို့ နားလည်သလောက်ဆိုရင် ဒီဝေလငါးတွေက ဒီလောက် နက်နက် ရေမငုပ်နိုင်ဘူး။ ဒါကြောင့် သူတို့ရဲ့ရေငုပ်နိုင်စွမ်းကို နားမလည်နိုင်အောင် ဖြစ်မိတယ်။ သိပ်ကို ထူးခြားလွန်းတယ်။” ကူဗေးဘိတ်ဝေလငါးတွေရဲ့ ရေငုပ်နိုင်စွမ်းအကြောင်း ပိုနားလည်လာရင် အဆုပ်ကျုံ့ခြင်းလို ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ ဆရာဝန်တွေ အထောက်အကူ ပိုရလာမယ်လို့ သိပ္ပံပညာရှင်တွေ မျှော်လင့်ကြတယ်။

ဘယ်လို ထင်ပါသလဲ။ ကူဗေးဘိတ် ဝေလငါးတွေ ရေနက်ထဲ အချိန်ကြာကြာ ငုပ်နိုင်တဲ့အစွမ်းဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ