ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၁၂
  • ယောဟန် ၁:၁—“အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဟန် ၁:၁—“အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဟန် ၁:၁ ရဲ့ အဓိပ္ပာယ်
  • ယောဟန် ၁:၁ ရဲ့ အထက်အောက်စကား
  • ယောဟန် ၁:၁ ကို တလွဲယူဆချက်များ
  • ယောဟန် ၁:၁ အတွက် တခြားဘာသာပြန်ဆိုချက်များ
  • သုံးပါးပေါင်းတစ်ဆူကို “ထောက်ခံသောကျမ်းချက်များ” နှင့်ပတ်သက်၍ အသို့နည်း
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • ယေရှုသည် ဘုရားသခင်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ အမှန်တရား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၁၂

ကျမ်းပိုဒ် ရှင်းပြချက်များ

ယောဟန် ၁:၁—“အစအဦး၌ နှုတ်ကပါဌ်တော် ရှိ၏”

“အစအဦးမှာ နှုတ်ကပတ်တော် ရှိတယ်။ နှုတ်ကပတ်တော်ဟာ ဘုရားသခင်နဲ့အတူ ရှိတယ်။ နှုတ်ကပတ်တော်ကလည်း ဘုရားတစ်ပါးပါပဲ။”—ယောဟန် ၁:၁။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

“အစအဦး၌ နှုတ်ကပါဌ်တော် ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။”—ယောဟန် ၁:၁။ ယုဒသန်ကျမ်း။

ယောဟန် ၁:၁ ရဲ့ အဓိပ္ပာယ်

ဒီကျမ်းပိုဒ်က လူသားတစ်ဦးအဖြစ် မြေကြီးပေါ် မလာခင် ယေရှုခရစ်ရဲ့ အသက်တာအကြောင်း ဖော်ပြတယ်။ (ယောဟန် ၁:၁၄-၁၇) အခန်းငယ် ၁၄ မှာ “နှုတ်ကပတ်တော်” (ဂရိလို “ဟိုလိုဂေါ့စ်”) ကို ဘွဲ့အမည်အဖြစ် သုံးထားတယ်။ “နှုတ်ကပတ်တော်” ဆိုတဲ့ ဘွဲ့က ဘုရားသခင်ရဲ့ မိန့်မှာချက်၊ ညွှန်ကြားချက်တွေကို တခြားသူတွေဆီ ပြန်အသိပေးရတဲ့ ယေရှုရဲ့ အခန်းကဏ္ဍကို ဖော်ပြတယ်။ ယေရှုက မြေကြီးပေါ် အမှုဆောင်ချိန်မှာသာမက ကောင်းကင်ကို ပြန်တက်သွားပြီးနောက်ပိုင်းမှာပါ ဘုရားရဲ့ သတင်းစကားကို ဆက်အသိပေးတယ်။—ယောဟန် ၇:၁၆။ ဗျာဒိတ် ၁:၁။

“အစအဦး” ဆိုတာ ဖန်ဆင်းခြင်းအလုပ်ကို ဘုရားသခင် စတင် လုပ်ဆောင်ချိန်၊ နှုတ်ကပတ်တော်ကို ဖန်ဆင်းချိန်ကို ဆိုလိုတယ်။ အဲဒီနောက် နှုတ်ကပတ်တော်ကို သုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းတယ်။ (ယောဟန် ၁:၂၊ ၃) ယေရှုက “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်တယ်၊ “အရာခပ်သိမ်းကို သူ့အားဖြင့် [ဘုရားသခင်] ဖန်ဆင်းခဲ့တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ကောလောသဲ ၁:၁၅၊ ၁၆။

“နှုတ်ကပတ်တော်ကလည်း ဘုရားတစ်ပါးပါပဲ” ဆိုတဲ့ စကားစုက မြေကြီးပေါ် မလာခင် ယေရှုဟာ ဘုရားလို တန်ခိုးကြီးတယ်၊ ဘုရားမှာ ရှိတဲ့ အရည်အသွေးမျိုး ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ဘုရားသခင်ရဲ့ သားဦး၊ ယေရှုကတစ်ဆင့် အရာခပ်သိမ်း ဖန်ဆင်းခံရတယ်ဆိုတဲ့ ယေရှုရဲ့ အထူးအနေအထားကြောင့် အဲဒီလို ဖော်ပြခြင်း ဖြစ်တယ်။

ယောဟန် ၁:၁ ရဲ့ အထက်အောက်စကား

ယောဟန်ကျမ်းမှာ ယေရှုရဲ့ မြေကြီးအသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း မှတ်တမ်းတင်ထားတယ်။ အခန်းကြီးတစ်ရဲ့ အစပိုင်းကျမ်းပိုဒ်တွေမှာ ယေရှုရဲ့ လူသားဘဝ မတိုင်ခင် အသက်တာ၊ ဘုရားနဲ့ အထူး ဆက်ဆံရေး၊ ဘုရားနဲ့ လူတွေစပ်ကြား အရေးပါတဲ့ အခန်းကဏ္ဍအကြောင်း ပါတယ်။ (ယောဟန် ၁:၁-၁၈) ဒီအသေးစိတ်အချက်တွေက မြေကြီးပေါ် ယေရှု ပြောဆို၊ လုပ်ဆောင်ခဲ့တာတွေကို နားလည်စေတယ်။—ယောဟန် ၃:၁၆။ ၆:၃၈။ ၁၂:၄၉၊ ၅၀။ ၁၄:၂၈။ ၁၇:၅။

ယောဟန် ၁:၁ ကို တလွဲယူဆချက်များ

ယူဆချက်အမှား။ ယောဟန် ၁:၁ ရဲ့ နောက်ဆုံးစာကြောင်းကို “နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင် ဖြစ်တယ်” လို့ ပြန်ဆိုသင့်တယ်။

အမှန်တရား။ ကျမ်းစာဘာသာပြန်သူများစွာက အထက်ပါအတိုင်း ဘာသာပြန်ကြပေမဲ့ တချို့ကတော့ နောက်တစ်မျိုး ပြန်ဆိုသင့်တယ်လို့ ဆိုတယ်။ မူရင်းဘာသာစကားမှာ ယောဟန် ၁:၁ မှာပါတဲ့ “ဘုရားသခင်” (ဂရိလို သီအော့စ်) ဆိုတဲ့စကားလုံး နှစ်ကြိမ်စလုံး သဒ္ဒါတည်ဆောက်ပုံချင်း မတူကြဘူး။ ပထမ စကားလုံး “ဘုရားသခင်” ရှေ့မှာ တိကျတဲ့ အညွှန်းစကားလုံး ပါတယ်။ ဒုတိယ တစ်ခုမှာတော့ တိကျတဲ့ အညွှန်းစကားလုံး မပါဘူး။ ဒုတိယ စကားလုံးမှာ တိကျတဲ့ အညွှန်းစကားလုံး မပါတာက ထူးခြားတယ်လို့ ကျမ်းပညာရှင်တွေ ဆိုကြတယ်။ ဥပမာ၊ တိကျတဲ့ အညွှန်းစကားလုံး မပါတာနဲ့ပတ်သက်ပြီး ဘာသာပြန်တို့ရဲ့ ဓမ္မသစ်ကျမ်းက “ဒုတိယ စကားလုံး ‘ဘုရားသခင်’ က နာမဝိသေသနနဲ့ တူတယ်။ ဒါကြောင့် ဒီစကားစုက ‘နှုတ်ကပတ်တော်ဟာ ဘုရားတစ်ပါးလိုပဲ’ လို့ အဓိပ္ပာယ် ရတယ်” ဆိုပြီး ဖော်ပြတယ်။a တခြားကျမ်းပညာရှင်တွေ၊b ဘာသာပြန်ကျမ်းတွေက ဒီကွဲပြားချက်ကို ထောက်ပြကြတယ်။—“ယောဟန် ၁:၁ အတွက် တခြားဘာသာပြန်ဆိုချက်များ” ကို ကြည့်ပါ။

ယူဆချက်အမှား။ ဒီကျမ်းပိုဒ်က နှုတ်ကပတ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ အတူတူပဲလို့ သင်ပေးတယ်။

အမှန်တရား။ “နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏” ဆိုတဲ့ စကားစုက ပုဂ္ဂိုလ်နှစ်ဦးအကြောင်း ဖော်ပြနေခြင်း ဖြစ်တယ်။ နှုတ်ကပတ်တော်က အနန္တ တန်ခိုးရှင်နဲ့အတူ ရှိနေရင် တစ်ပါးတည်း မဖြစ်နိုင်ဘူး။ နှုတ်ကပတ်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် မဟုတ်ကြောင်း စကားစပ်တွေကလည်း ဖော်ပြတယ်။ ယောဟန် ၁:၁၈ မှာ “ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးဘူး” လို့ ဖော်ပြတယ်။ ဒါပေမဲ့ နှုတ်ကပတ်တော် ယေရှုကိုတော့ လူတွေ မြင်ဖူးကြတယ်။ “နှုတ်ကပတ်တော်ဟာ သွေးသားခန္ဓာနဲ့ မွေးဖွားလာပြီး ကျွန်တော်တို့နဲ့အတူ နေထိုင်တယ်။ သူ့ဘုန်းအသရေကို ကျွန်တော်တို့ မြင်ခဲ့တယ်” လို့ ယောဟန် ၁:၁၄ မှာ ဆိုတယ်။

ယူဆချက်အမှား။ နှုတ်ကပတ်တော်ဟာ အစဉ်အမြဲ တည်ရှိတယ်။

အမှန်တရား။ ဒီကျမ်းချက်မှာ ပါတဲ့ “အစအဦး” ဆိုတာ ဘုရားသခင်ရဲ့ “အစအဦး” မဟုတ်ဘူး။ ဘုရားသခင်မှာ အစ မရှိလို့ပဲ။ ယေဟောဝါc ဘုရားသခင်က “ထာဝစဉ် ထာဝရ ဘုရားသခင်ပါ။” (ဆာလံ ၉၀:၁၊ ၂) နှုတ်ကပတ်တော် ယေရှုခရစ်ကတော့ အစ ရှိတယ်။ “ဘုရားသခင့် ဖန်ဆင်းခြင်းရဲ့ အစ” ဖြစ်တယ်။—ဗျာဒိတ် ၃:၁၄။

ယူဆချက်အမှား။ နှုတ်ကပတ်တော်ကို “ဘုရားတစ်ပါး” လို့ ခေါ်တာက ဘုရားအများကြီးကို ကိုးကွယ်ဖို့ သင်ပေးနေခြင်း ဖြစ်တယ်။

အမှန်တရား။ “ဘုရားသခင်၊” “ဘုရားတစ်ပါး” အတွက် ဂရိစကားလုံး (သီအော့စ်) ဆိုတာ ဓမ္မဟောင်းကျမ်းမှာ သုံးလေ့ရှိတဲ့ ဟီဘရူးစကားလုံး အီလိုဟင်နဲ့ တူတယ်။ ဒီဟီဘရူး စကားလုံးတွေရဲ့ အခြေခံ အဓိပ္ပာယ်က “တန်ခိုးကြီးရှင်၊ ခွန်အားကြီးတဲ့ အရှင်” ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ တခြားဘုရားတစ်ပါးပါး၊ လူတွေကို ရည်ညွှန်းရာမှာ ဒီစကားလုံးတွေ သုံးတယ်။ (ဆာလံ ၈၂:၆။ ယောဟန် ၁၀:၃၄) ဘုရားသခင်က နှုတ်ကပတ်တော်ကတစ်ဆင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တာ ဖြစ်လို့ နှုတ်ကပတ်တော်ကိုလည်း တန်ခိုးကြီးရှင်လို့ ခေါ်နိုင်ပါတယ်။ (ယောဟန် ၁:၃) နှုတ်ကပတ်တော်ကို “ဘုရားတစ်ပါး” လို့ ဖော်ပြတာက ဟေရှာယ ၉:၆ မှာ ပါတဲ့ ကြိုဟောချက်နဲ့ ကိုက်ညီတယ်။ အဲဒီမှာ ဘုရား ရွေးချယ်ထားသူ၊ မေရှိယ တစ်နည်းအားဖြင့် ခရစ်တော်ကို ကမ္ဘာဦး ၁၇:၁။ ၃၅:၁၁။ ထွက်မြောက်ရာ ၆:၃။ ယေဇကျေလ ၁၀:၅ တို့မှာ ပါသလို “အနန္တတန်ခိုးရှင် ဘုရားသခင်” (ʼEl Shad·daiʹ ) လို့ မခေါ်ဘဲ “တန်ခိုးကြီးတဲ့ဘုရား” (ဟီဘရူးလို ʼEl Gib·bohrʹ) လို့ ခေါ်ထားတယ်။

ဘုရားအများကြီးကို ကိုးကွယ်ဖို့ ကျမ်းစာ မသွန်သင်ပါဘူး။ “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော် တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်” လို့ ခရစ်တော် ယေရှု ဆိုတယ်။ (မဿဲ ၄:၁၀) “‘ဘုရားတွေ၊’ ‘သခင်တွေ’ အများကြီး ရှိတယ်လို့ လူတွေ ပြောတဲ့အတိုင်းပဲ ကောင်းကင်မှာရော ကမ္ဘာမြေပေါ်မှာပါ ဘုရားလို့ အခေါ်ခံရသူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့အတွက်ကတော့ အဖဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်။ အရာခပ်သိမ်းဟာ ဘုရားသခင်ကြောင့် ဖြစ်တည်လာတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။—၁ ကောရိန္သု ၈:၅၊ ၆။

ယောဟန် ၁:၁ အတွက် တခြားဘာသာပြန်ဆိုချက်များ

“ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော် ရှိတော်မူ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရား ဖြစ်တော်မူ၏။—ယောဟန် ၁:၁။ ခေတ်သုံးကျမ်းစာ။

“အစအဦးမှာ နှုတ်ကပတ်တော် ရှိတယ်။ နှုတ်ကပတ်တော်ဟာ ဘုရားသခင်နဲ့အတူ ရှိတယ်။ နှုတ်ကပတ်တော်ကလည်း ဘုရားတစ်ပါးပါပဲ။”—ယောဟန် ၁:၁။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

a ဘာသာပြန်တို့ရဲ့ ဓမ္မသစ်ကျမ်း၊ စာမျက်နှာ ၄၅၁။

b ကျမ်းပညာရှင် ဂျေစင် ဒေးဗစ် ဘီဒမ်က “ဘုရားသခင်” ဆိုတဲ့စကားလုံး နှစ်ကြိမ်မှာ တိကျတဲ့ အညွှန်းစကားလုံး ပါမပါဆိုတဲ့အချက်က “ဘုရားသခင်” နဲ့ “ဘုရားတစ်ပါး” ဆိုပြီး အဓိပ္ပာယ် ကွာခြားစေတယ်။ “ယောဟန် ၁:၁ မှာ နှုတ်ကပတ်တော်ဟာ တစ်ဆူတည်းသော ဘုရားသခင် မဟုတ်ဘူး။ ဘုရားလို ပုဂ္ဂိုလ်၊ ဘုရားတစ်ပါး ဖြစ်တယ်” လို့ ပြောတယ်။—ဘာသာပြန်ခြင်းတွင် မှန်ကန်မှု၊ အင်္ဂလိပ် ဓမ္မသစ်ဘာသာပြန်ကျမ်းများ၏ တိကျမှန်ကန်မှုနှင့် တိမ်းစောင်းမှု စာအုပ်၊ စာမျက်နှာ ၁၁၅၊ ၁၂၂၊ ၁၂၃။

c ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။

ယောဟန် အခန်းကြီး ၁ ကို အောက်ခြေမှတ်ချက်၊ ပြန်လှန်အညွှန်း၊ မြေပုံ၊ ရုပ်ပုံတွေနဲ့အတူ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ