ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၄၆
  • ၁ ကောရိန္သု ၁၀:၁၃—“ဘုရားသခင်ဟာ သစ္စာရှိ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ ကောရိန္သု ၁၀:၁၃—“ဘုရားသခင်ဟာ သစ္စာရှိ”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ကောရိန္သု ၁၀:၁၃ ရဲ့အဓိပ္ပာယ်
  • ၁ ကောရိန္သု ၁၀:၁၃ အထက်အောက်စကား
  • လူ့အားနည်းချက်အပေါ် အနိုင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • သွေးဆောင်မှု
    နိုးလော့!—၂၀၁၇
  • “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း”
    စောင့်နေကြလော့!
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၄၆

ကျမ်းပိုဒ် ရှင်းပြချက်များ

၁ ကောရိန္သု ၁၀:၁၃—“ဘုရားသခင်ဟာ သစ္စာရှိ”

“လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။ ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။”—၁ ကောရိန္သု ၁၀:၁၃၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”—၁ ကောရိန္သု ၁၀:၁၃။ ယုဒသန်ကျမ်း။

၁ ကောရိန္သု ၁၀:၁၃ ရဲ့အဓိပ္ပာယ်

ဒီကျမ်းချက်က ဘုရားသခင်ရဲ့ ချစ်ခင်နှစ်သက်ဖွယ် အရည်အသွေးဖြစ်တဲ့ သစ္စာရှိခြင်းကို ညွှန်ပြနေတယ်။ ဘုရားသခင်ကို သစ္စာရှိရှိ ကိုးကွယ်နေသူတွေဟာ ဘုရားရဲ့ကူညီမှုရမှာကို ယုံကြည်နိုင်တယ်။ အထူးသဖြင့် အခက်အခဲ၊ သွေးဆောင်မှုတွေ ကြုံရတဲ့အခါမှာဖြစ်တယ်။

“လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။” ဘုရားကိုဝတ်ပြုသူတွေဟာ ဘုရားမနှစ်သက်တာ တစ်ခုခုကိုလုပ်မိဖို့ သွေးဆောင်ခံရနိုင်တယ်။ ခက်ခဲပေမဲ့ လူတွေကြုံတွေ့ရတတ်တဲ့ စမ်းသပ်မှုတွေဖြစ်လို့ တစ်မူထူးခြားနေမှာတော့ မဟုတ်ပါဘူး။a ဒါကြောင့် အဲဒီသွေးဆောင်မှုတွေကို ခံရပ်နိုင်မယ်ဆိုတာ ဘုရားကိုကိုးကွယ်သူတွေ ယုံကြည်စိတ်ချနိုင်တယ်။

“ဘုရားသခင်ဟာ သစ္စာရှိ။” ယေဟောဝါb ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်တယ်၊ အားကိုးနိုင်တယ်။ ဘုရားသခင်က မိမိကို ချစ်တဲ့သူ၊ သစ္စာစောင့်သိသူ၊ နာခံသူတွေကို မစွန့်ပစ်ဘူးဆိုတဲ့ကတိကို အမြဲတည်ခဲ့တယ်။ (တရားဟောရာ ၇:၉။ ဆာလံ ၉:၁၀။ ၃၇:၂၈) ဒါကြောင့် ကျမ်းချက်မှာ ဆက်ဖော်ပြထားတဲ့ အားရှိစရာ ကတိနှစ်ခုကိုလည်း ဘုရားသခင် တည်မယ်ဆိုတာ ဘုရားကိုဝတ်ပြုသူတွေ ယုံကြည်စိတ်ချနိုင်တယ်။

“ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။” ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေရဲ့ ခံနိုင်ရည်အကန့်အသတ်ကို သိတယ်။ သူတို့ မခံနိုင်လောက်အောင် ပြင်းထန်တဲ့ စုံစမ်းမှုတွေ တွေ့ကြုံဖို့ ခွင့်မပြုခြင်းအားဖြင့် သစ္စာရှိကြောင်း ပြသတယ်။—ဆာလံ ၉၄:၁၄။

“ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။” ဘုရားသခင်က အခက်အခဲကို ဖယ်ရှားပေးတာ ဖြစ်နိုင်သလို အခက်အခဲကို ခံရပ်နိုင်စေမယ့် အရာတွေကို ပေးသနားတာလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ သန့်ရှင်းသောစွမ်းအားတော်နဲ့ လမ်းညွှန်ပေးတယ်၊ ကျမ်းစာနဲ့ နှစ်သိမ့်ပေးတယ်၊ ယုံကြည်သူချင်းတွေကိုသုံးပြီး လက်တွေ့ကျ အကူအညီပေးတယ်။—ယောဟန် ၁၄:၂၆။ ၂ ကောရိန္သု ၁:၃၊ ၄။ ကောလောသဲ ၄:၁၁။

၁ ကောရိန္သု ၁၀:၁၃ အထက်အောက်စကား

ဒီအခန်းငယ်ကို ကောရိန္သုမြို့က ခရစ်ယာန်အသင်းတော်ဆီ တမန်တော်ပေါလု ရေးခဲ့တဲ့စာမှာ တွေ့ရတယ်။ ပေါလုက ဒီအပိုင်းကို ရေးတဲ့အခါ ခရစ်ယာန်တွေကို သတိပေးဖို့ ရှေးခေတ်အစ္စရေးတွေအကြောင်း ပြောခဲ့တယ်။ (၁ ကောရိန္သု ၁၀:၁၁) ရုပ်တုကိုးကွယ်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း အပါအဝင် အစ္စရေးတွေ ကြုံတွေ့ခဲ့ရတဲ့ စမ်းသပ်မှု၊ သွေးဆောင်မှုတွေအကြောင်းလည်း ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၀:၆-၁၀) အစ္စရေးတချို့က သွေးဆောင်မှုတွေကို အလျှော့ပေးခဲ့တယ်။ ခရစ်ယာန်တွေလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုလွန်ကဲပြီး ငါတော့ သွေးဆောင်မှုနောက် ဘယ်တော့မှ ပါမှာမဟုတ်ဘူးဆိုပြီး မတွေးမိအောင် အစ္စရေးတွေရဲ့ပုံနမူနာကို သုံးပြီး ပေါလု သတိပေးတယ်။ (၁ ကောရိန္သု ၁၀:၁၂) တစ်ချိန်တည်းမှာ ၁ ကောရိန္သု ၁၀:၁၃ ပါစကားတွေနဲ့ သူတို့ကို အားပေးတယ်။ ဘုရားကို သစ္စာရှိရှိကိုးကွယ်သူတွေဟာ ဘယ်စုံစမ်းမှုကိုမဆို အောင်မြင်စွာ ခံရပ်နိုင်ပါတယ်။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲက ၁ ကောရိန္သု အခန်းကြီး ၁၀ ကိုဖတ်ပါ။ ဖတ်ရလွယ်ကူတဲ့ ဒီကျမ်းမှာ အသံဖိုင်၊ ရှင်းပြချက်မှတ်စု၊ ကျမ်းအညွှန်း၊ ရုပ်ပုံ၊ ဗီဒီယိုနဲ့ မြေပုံတွေ ပါတယ်။  

၁ ကောရိန္သုကျမ်းကို ခြုံငုံသုံးသပ်ထားတဲ့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a “သွေးဆောင်ခြင်း” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ စမ်းသပ်မှု၊ အခက်အခဲလို့လည်း အဓိပ္ပာယ်ရတယ်။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ