ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၂၀ ဆောင်းပါး ၂
  • ၂၀၂၁ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီအစ်ကို/မတွေကို ပစ်မထားဘဲ ကူညီပေးနေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂၀၂၁ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီအစ်ကို/မတွေကို ပစ်မထားဘဲ ကူညီပေးနေကြ
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညီရာဂွန်ဂို မီးတောင် ပေါက်ကွဲမှု
  • ဗင်နီဇွဲလား စီးပွားပျက်ကပ်
  • သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ထောက်ပံ့ခြင်း
    အလှူငွေတွေကို အသုံးပြုပုံ
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ကမ္ဘာချီ ကပ်ရောဂါအတွက် ကမ္ဘာချီ ကယ်ဆယ်ရေး
    အလှူငွေတွေကို အသုံးပြုပုံ
  • ၂၀၂၃ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၂၀ ဆောင်းပါး ၂
ရောက်လာတဲ့ အစာရေစာကို ညီအစ်ကို ညီအစ်မတွေ ထရပ်ကားတွေပေါ်က ချနေ။

အလှူငွေတွေကို အသုံးပြုပုံ

၂၀၂၁ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီအစ်ကို/မတွေကို ပစ်မထားဘဲ ကူညီပေးနေကြ

၂၀၂၂၊ ဇန်နဝါရီ ၁

၂၀၂၁ လုပ်ငန်းတော်နှစ်အတွင်းa ကမ္ဘာတစ်ဝန်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ခံစားနေရဆဲ ဖြစ်တယ်။ “ကမ္ဘာချီ ကပ်ရောဂါအတွက် ကမ္ဘာချီ ကယ်ဆယ်ရေး” ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း ကပ်ရောဂါ ကယ်ဆယ်ရေးအတွက် ယူအက်စ်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့တယ်၊ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၉၅၀ ကျော် ဖွဲ့စည်းခဲ့တယ်။

ကပ်ရောဂါ ပြင်းထန်နေချိန် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေဟာ သဘာဝဘေး၊ လူတွေကြောင့် ဖြစ်တဲ့ ဘေးဆိုးတွေကိုလည်း ကြုံခဲ့ကြတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကယ်ဆယ်ရေး အထောက်အပံ့တွေအပြင် အဲဒီလိုဘေးဆိုး ၂၀၀ ကျော်အတွက် ယူအက်စ်ဒေါ်လာ ၈ သန်း အသုံးပြုဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ကော်မတီက ခွင့်ပြုခဲ့တယ်။ မကြာသေးခင်က ဘေးဆိုးနှစ်ခု ကြုံခဲ့ရသူတွေကို ကူညီရာမှာ ညီအစ်ကို/မတို့ရဲ့ အလှူငွေတွေကို ဘယ်လို သုံးစွဲခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။

ညီရာဂွန်ဂို မီးတောင် ပေါက်ကွဲမှု

၂၀၂၁၊ မေလ ၂၂ ရက်နေ့မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ ညီရာဂွန်ဂို မီးတောင် ပေါက်ကွဲခဲ့တယ်။ ချော်ရည်ပူ စီးဆင်းမှုကြောင့် အိမ်တွေ၊ ကျောင်းတွေ၊ ရေလှောင်ကန်ကြီးတစ်ကန် ပျက်စီးသွားတယ်။ မီးတောင်ပေါက်ပြီးနောက် ရက်အတော်ကြာအထိ ဂိုမာမြို့ပေါ် အဆိပ်အတောက် ရှိတဲ့ မီးတောင်ပြာမှုန့်တွေ ရွာကျတယ်။ မြေငလျင်ငယ် အကြိမ်ကြိမ် လှုပ်တယ်။ မြို့သား တစ်ဝက်ကျော် ဘေးကင်းရာကို ရွှေ့ပြောင်းကြရတယ်။ လူထောင်သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး တချို့က နယ်စပ်ဖြတ်ကျော်ပြီး ရဝမ်ဒါနိုင်ငံကို သွားခဲ့ကြတယ်။

နိုင်ငံတော်ခန်းမတစ်ခုမှာ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့က နံနက်စာ ပူပူနွေးနွေး ကျွေးနေစဉ်

ဘေးကင်းရာဆီ ရွှေ့ပြောင်းသူတွေထဲမှာ ယေဟောဝါသက်သေ ၅,၀၀၀ လောက် ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် သူတို့ရဲ့ အိမ်တွေ ပျက်စီးခဲ့ရတယ်။ ထွက်ပြေးပြီးတဲ့နောက်မှာ အိမ်တွေ လုယက်ခံရတာလည်း ရှိတယ်။ ရဝမ်ဒါနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ ကယ်ဆယ်ရေး ကော်မတီတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တယ်။ “မြို့ထဲမှာ ပရမ်းပတာ ဖြစ်နေချိန်၊ ဘေးကင်းရာဆီ ထွက်ခွာဖို့ ညွှန်ကြားချက် မထုတ်ပြန်ခင်မှာတောင် ကယ်ဆယ်ရေး ကော်မတီက အစာရေစာ၊ အိပ်ရာ၊ အဝတ်အစားတွေ စတင် ဝေပေးနေပြီ” လို့ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲက သတင်းပို့တယ်။ ညီအစ်ကို ၂,၀၀၀ ကျော် ရောက်နေတဲ့ မြို့တစ်မြို့မှာ ကယ်ဆယ်ရေး ကော်မတီက တဲရှင်တွေ ထိုး၊ နှာခေါင်းစည်းတွေ ဝေပေးတဲ့အပြင် ကိုဗစ် ၁၉ နဲ့ ကာလဝမ်းရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်တွေ ပေးခဲ့တယ်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရတဲ့ သက်သေခံတွေကို ပေးဖို့ အစာရေစာတွေ ချိန်တွယ်နေစဉ်

ဘေးသင့်ပြီး သုံးလအတွင်း ညီအစ်ကိုတွေက ဆန် ခြောက်တန်၊ ပြောင်းမှုန့် ခြောက်တန်၊ ဆီ သုံးတန်၊ သောက်ရေ သုံးတန် ဝေငှပြီးပြီ။ အကုန်အကျ သက်သာအောင် ပြည်တွင်းမှာပဲ လက်ကားစျေးနဲ့ ဝယ်ဖို့ ဌာနခွဲက စီစဉ်ပေးတယ်။

မီးတောင် ပေါက်ကွဲမှုကြောင့် အိမ်အသစ် ဆုံးရှုံးခဲ့ရတဲ့ ညီအစ်မက “ကျွန်မတို့ တအား စိတ်ဓာတ်ကျတယ်။ စိတ်ထိခိုက်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ သူ့မိသားစုက ကာယရေးပိုင်းမှာရော ဘုရားရေးရာပိုင်းမှာပါ အကူအညီတွေ ရပြီးတဲ့နောက် “ယေဟောဝါဘုရား ကူညီပေးတဲ့အတွက် ကျွန်မတို့ လိုအပ်တာတွေ အားလုံး ရှိနေတယ်။ ကျွန်မတို့ရဲ့ ဝန်တွေကို ယေဟောဝါဘုရား ကူထမ်းပေးနေတာ တွေ့ရလို့ ခံသာတယ်” လို့ ပြောတယ်။

ဗင်နီဇွဲလား စီးပွားပျက်ကပ်

ဗင်နီဇွဲလားမှာ စီးပွားရေးပျက်ကပ် ဆိုက်နေတာ နှစ်အတော်ကြာပါပြီ။ ညီအစ်ကို/မတွေဟာ ခက်ခက်ခဲခဲ နေထိုင်စားသောက်ကြရတယ်။ ရာဇဝတ်မှု တိုးများလာတယ်။ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းကတော့ သူတို့ကို ပစ်မထားပါဘူး။

ဗင်နီဇွဲလား ဒေသအသီးသီးဆီ ပို့ရမယ့် ဆန်အိတ်တွေကို ကားပေါ် တင်နေ

ပြီးခဲ့တဲ့ လုပ်ငန်းတော်နှစ်အတွင်း အကူအညီ လိုအပ်တဲ့ မိသားစုတွေအတွက် အစားအစာနဲ့ ဆပ်ပြာ ၁.၅ သန်းကျော် ဝယ်ပြီး ပို့ပေးခဲ့တယ်။ “စားစရာ တကယ် လိုအပ်တဲ့ နိုင်ငံတစ်ဝန်းက ညီအစ်ကိုတွေဆီ အစာရေစာ တန်ချိန် ၁၃၀ ကို လစဉ် ပို့ပေးရတာ လွယ်တော့ မလွယ်ဘူး။ ကြာရှည်ခံ အစားအစာတွေ ပို့ပေးဖို့ စီစဉ်ရတယ်။ သီးနှံပေါ်ချိန်၊ စျေးချိုတဲ့အချိန်တွေမှာ များများစားစား ဝယ်ထားပြီး စျေးအသက်သာဆုံးနည်းနဲ့ ပို့ပေးဖို့ ကြိုးစားကြတယ်” ဆိုပြီး ဌာနခွဲက သတင်းပို့တယ်။

ဓာတ်ဆီ ရှားပါးတဲ့အပြင် သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မရှိတဲ့အတွက် ညီအစ်ကိုငယ်တွေက အသွားအပြန် ၁၈ ကီလိုမီတာ (၁၁ မိုင်) စက်ဘီးနင်းပြီး အသင်းတော်တွေဆီ အစာရေစာ သယ်နေစဉ်

ဗင်နီဇွဲလား သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီဝင် လီအိုနယ်ဟာ ဒီတာဝန်ကို သိပ်တန်ဖိုးထားတယ်။ “ကယ်ဆယ်ရေးလုပ်ငန်းဟာ သိပ်ထူးခြားတယ်။ ကိုဗစ် ၁၉ ကြောင့် ချစ်ဇနီး ဆုံးသွားပြီးတဲ့နောက် ဒီတာဝန်က ကျွန်တော့်ကို အားရှိစေတယ်။ လိုအပ်တဲ့ ညီအစ်ကိုတွေကို ကူညီပေးဖို့ အလုပ်များနေတဲ့အတွက် အသုံးဝင်သူလို့ ခံစားရတယ်။ ယေဟောဝါက မိမိရဲ့ လူတွေကို ဘယ်တော့မှ ပစ်မထားမှန်း ကိုယ်တွေ့ ခံစားရတယ်” ဆိုပြီး ပြောတယ်။

ကယ်ဆယ်ရေး ကော်မတီဝင်အဖြစ် အမှုဆောင်ဖူးတဲ့ ညီအစ်ကိုတစ်ယောက်က ကယ်ဆယ်ရေး အကူအညီ ရတဲ့အကြောင်း အခုလို ပြောတယ်- “ဒီတစ်ခါတော့ ကျွန်တော် ရရှိတဲ့ အကူအညီအကြောင်း ပြောပြချင်တယ်။ ကျွန်တော်တို့မောင်နှံဟာ ကာယရေး အကူအညီ ရတဲ့အပြင် ညီအစ်ကိုတွေရဲ့ ဂရုစိုက်မှု၊ နှစ်သိမ့်အားပေးမှုတွေကြောင့် အတော်လေး စိတ်တည်ငြိမ်သွားတယ်။”

သဘာဝဘေးတချို့က ကြိုမသိရဘဲ ရုတ်တရက် ကြုံရတတ်တယ်။ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းက ကယ်ဆယ်ရေးပစ္စည်းတွေကို အမြန်ဆုံး ဝယ်ယူ၊ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ ဒါဟာ ကမ္ဘာချီလုပ်ငန်းအတွက် ညီအစ်ကို/မတို့ ထည့်ဝင်တဲ့ အလှူငွေတွေကြောင့်ပါ။ အလှူငွေ ထည့်ဝင်နိုင်တဲ့ နည်းတချို့ကို donate.jw.org မှာ ဖော်ပြထားတယ်။ ညီအစ်ကို/မတို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။

a ၂၀၂၁ လုပ်ငန်းတော်နှစ်က ၂၀၂၀၊ စက်တင်ဘာ ၁ မှ ၂၀၂၁ သြဂုတ် ၃၁ အထိ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ