အောက်ခြေမှတ်ချက်
a အေဒီ အမည်သည် အလွန်အမင်းစိတ်ယိုယွင်းမှုကို ခံစားခဲ့ရသော လူနာတစ်ဦး၏ရုပ်ကလာပ်အား ခွဲစိတ်စစ်ဆေးပြီးနောက် ၁၉၀၆ ခုနှစ်တွင် အဆိုပါရောဂါကိုဦးဆုံးဖော်ပြခဲ့သည့် ဂျာမန်သမားတော် အဲလွိုက်စ် အဲလ်ဇိုင်းမားအမည်ကို ယူထားခြင်းဖြစ်၏။ စိတ်ယိုယွင်းသောဝေဒနာသည် ၆၀ ရာခိုင်နှုန်းကျော်မှာ အေဒီကြောင့်ဖြစ်ကြောင်းယူမှတ်ထားရာ အသက် ၆၅ နှစ်ကျော်သူ ၁၀ ဦးတွင် ၁ ဦးကိုထိခိုက်လျက်ရှိသည်။ အခြားစိတ်ယိုယွင်းမှုမှာ ကြိမ်ဖန်များစွာ သွေးပြတ်တစ်သျှူးကြောင့် စိတ်ယိုယွင်းခြင်းဖြစ်ပြီး ဦးနှောက်ကိုပျက်စီးစေသည့် မကြာခဏလေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်၏။