အောက်ခြေမှတ်ချက်
a မကြာသေးမီလေ့လာချက်များအရ MS ရောဂါခံစားနေရသူ ၅၀ နှင့် ၆၀ ရာခိုင်နှုန်းကြားသည် ဗီတာမင်၊ သတ္တုဓာတ်၊ ဆေးဖက်ဝင်အပင်များနှင့် အခြားဖြည့်စွက်ဓာတ်စာများ မှီဝဲကြကြောင်းသိရှိရသည်။ ၎င်းတို့အနက်တချို့မှာ MS ရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် ဘေးမဖြစ်စေသော်လည်း တချို့မှာမူ ရည်ရွယ်သည့်အတိုင်းဖြစ်မလာ သို့မဟုတ် အန္တရာယ်ပင်ဖြစ်သွားတတ်၏။ ထို့ကြောင့် လူနာများသည် မည်သည့်ထပ်ဆင့်ကုထုံးများ သို့မဟုတ် ဖြည့်စွက်ဓာတ်စာများကိုမဆို ကုသမှီဝဲခြင်းမပြုမီ ဖြစ်နိုင်ဖွယ်အန္တရာယ်များကို ထည့်သွင်းစဉ်းစားထားသင့်သည်။