အောက်ခြေမှတ်ချက်
b “သူ၏နာမကား ခရစ်တော်ယေရှု၊ မာရိ၏သားဖြစ်လိမ့်မည်၊ ဤဘဝနှင့် တမလွန်ဘဝတွင် ဂုဏ်တင်ခြင်းခံရမည်” ဟူ၍ ကူရ်အန်ကျမ်းမြတ်ကဆို၏။ (ဆူရာ ၃:၄၅) လူသားတစ်ဦးအဖြစ် ယေရှုသည် မာရိ၏သားဖြစ်၏။ သို့သော် မည်သည့်ဖခင်ကြောင့် လူဖြစ်လာသနည်း။ “ဘုရားသခင်ရှေ့တော်တွင် ယေရှု၏အနေအထားမှာ အာဒံနှင့်ဆင်တူသည်” ဟူ၍ ကူရ်အန်ကျမ်းက ဖော်ပြ၏။ (ဆူရာ ၃:၅၉) အာဒံသည် “ဘုရားသခင့်သား” ဖြစ်ကြောင်း သမ္မာကျမ်းကဆို၏။ (လုကာ ၃:၂၃၊ ၃၈၊ သမ) အာဒံ၌လည်းကောင်း၊ ယေရှု၌လည်းကောင်း လူသားဖခင်မရှိ၊ မိန်းမတစ်ဦးနှင့် သံဝါသပြု၍ မွေးဖွားလာသူများလည်းမဟုတ်။ ထို့ကြောင့် အာဒံသည် ဘုရားသခင်၏သားဖြစ်သကဲ့သို့ ယေရှုသည် ဘုရားသခင်၏သား ဖြစ်တော်မူ၏။