အောက်ခြေမှတ်ချက်
a ဝေဖန်ရေးသမားအချို့က သမ္မာကျမ်းစာ ကျမ်းဂန်စုအဝင်မဟုတ်သည့် ရှေးကျမ်းအချို့ကို အမည်ဝှက်များဖြင့် ရေးသားခဲ့သကဲ့သို့ ဤကျမ်းရေးသူက ဒံယေလကို ကလောင်အမည်အဖြစ် အသုံးပြုသည်ဟု ပြောဆိုခြင်းအားဖြင့် လိမ်လည်အတုပြုမှု ဆိုသောစွဲချက်ကို ပျော့ပျောင်းညင်သာစေရန် ကြိုးစားကြသည်။ သို့သော်၊ သမ္မာကျမ်းစာ ဝေဖန်ရေးသမား ဖာဒီနန် ဟစ်ဇစ်ခ်ကမူ ဤသို့ခံယူသည်– “ဒံယေလကျမ်းနှင့်ပတ်သက်၍ ဤကျမ်းကို အခြား [စာရေးဆရာ] တစ်ယောက်ယောက်ရေးသည်ဟု မှတ်ယူခဲ့သည်ရှိသော် အခြေအနေတစ်မျိုးတစ်မည် ဖြစ်သွားပေမည်။ ထိုသို့ဖြစ်လျှင် ဒံယေလကျမ်းသည် စာပေလက်ရာအတု ဖြစ်သွားမည်ဖြစ်ရာ စာဖတ်သူတို့၏ ကောင်းကျိုးအတွက် ဖြစ်သည့်တိုင်အောင် ရည်ရွယ်ရင်းမှာ စာဖတ်သူတို့ကို လှည့်ဖြားရန်အတွက် ဖြစ်ပေမည်။”