အောက်ခြေမှတ်ချက်
c ဟေဗြဲ မက်စိုရက်တစ် ကျမ်းစာမှ ဟေရှာယ ၆၅:၁၆ အရ ယေဟောဝါသည် “အာမင်၏ ဘုရားသခင်” ဖြစ်သည်။ “အာမင်” ဟူသည် “ပြည့်စုံပါစေ” သို့မဟုတ် “အမှန် ဖြစ်ပါစေ” ဟု အဓိပ္ပာယ်ရပြီး တစ်စုံတစ်ခု ပြည့်စုံလာရန် သို့မဟုတ် အမှန် ဖြစ်လာရန် အခိုင်အမာ ပြောဆို သို့မဟုတ် အာမခံချက် ဖြစ်သည်။ ကိုယ်တော်၏ ကတိတော်အားလုံးကို ပြည့်စုံစေခြင်းဖြင့် ယေဟောဝါ မိန့်တော်မူချက်သည် အမှန် ဖြစ်ကြောင်း ကိုယ်တော် ပြသတော်မူသည်။