အောက်ခြေမှတ်ချက်
a ဂါလိလဲပင်လယ်၌ လေမုန်တိုင်းများ ရုတ်ခြည်းကျစမြဲပင်။ ထိုပင်လယ်သည် (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ခန့်) အနိမ့်ပိုင်းတွင်တည်ရှိနေခြင်းကြောင့် ဝန်းကျင်ဒေသထက် ထိုတွင်ရှိလေထုမှာ သာ၍ပူနွေးရာ လေထုဆိုင်ရာ မတည်ငြိမ်မှုများဖြစ်ပွားလေသည်။ မြောက်ဘက်ရှိဟေရမုန်တောင်မှ ယော်ဒန်ချိုင့်ဝှမ်းထဲသို့ လေပြင်းများတိုက်ခတ်လေ့ရှိ၏။ ငြိမ်သက်နေရာမှ ချက်ချင်းပင် မုန်တိုင်းထန်သွားနိုင်သည်။