အောက်ခြေမှတ်ချက်
b ၂ တိမောသေ ၄:၂ တွင် သမ္မာကျမ်းစာက အကြီးအကဲတို့သည် ရံဖန်ရံခါ ‘အပြစ်ကိုဖော်ပြ၊ ဆုံးမ၊ တိုက်တွန်းသွေးဆောင်’ ကြရမည်ဟုဆိုထား၏။ ‘တိုက်တွန်းသွေးဆောင်’ (ပါရာကာလဲအို) ဟု ဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် “အားပေးရန်” ဟုအဓိပ္ပာယ်ရှိနိုင်သည်။ ၎င်းနှင့်ဆက်နွှယ်လျက်ရှိသော ဂရိစကားလုံး ပါရာကလဲတို့စ်က တရားရေးကိစ္စနှင့်ပတ်သက်သော ရှေ့နေတစ်ဦးကိုရည်ညွှန်းနိုင်သည်။ သို့ဖြစ်၍ အကြီးအကဲများသည် ကြပ်ကြပ်မတ်မတ်ဆုံးမသည့်တိုင် သူတို့သည် ဝိညာဉ်ရေးအရအကူအညီလိုသူများကို ကူညီပေးသူများဖြစ်ကြဖို့ဖြစ်သည်။