အောက်ခြေမှတ်ချက်
a ယောနရဲ့ ဇာတိမြေဟာ ဂါလိလဲနယ်က မြို့တစ်မြို့ဖြစ်နေတာ မှတ်သားစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ယေရှုနဲ့ပတ်သက်ပြီး ဖာရိရှဲတွေက “ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းဘူး” ဆိုပြီး မောက်မောက်မာမာ ပြောခဲ့လို့ပါ။ (ယော. ၇:၅၂) မထင်ပေါ်တဲ့ ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းခဲ့ဘူး၊ ပေါ်ထွန်းမှာလည်း မဟုတ်ဘူးလို့ ဖာရိရှဲတွေက မဆင်မခြင် သိမ်းရုံးပြောလိုက်တာလို့ ဘာသာပြန်သူတွေနဲ့ သုတေသီတွေက ဆိုကြတယ်။ ဖာရိရှဲတွေ အဲဒီလိုပြောလိုက်တာက သမိုင်းနဲ့ ပရောဖက်ပြုချက်တွေကိုပါ တမင်တကာ လျစ်လျူရှုလိုက်တာ ဖြစ်တယ်။—ဟေရှာ. ၉:၁၊ ၂။