အောက်ခြေမှတ်ချက်
b ယောန ဘယ်လောက် အိပ်မောကျနေတယ်ဆိုတာ အလေးပေးတဲ့အနေနဲ့ ဟောက်သံတောင် ကြားနေရတယ်လို့ စက်ပ်တွားဂျင့်ကျမ်းက ဆိုတယ်။ ဒီလို အိပ်မောကျသွားတဲ့အတွက် ယောနဟာ အခြေအနေကို လျစ်လျူရှုနိုင်လွန်းတယ်လို့ ကောက်ချက်ချမိရင် စိတ်ဓာတ်ကျနေတဲ့အခါ အိပ်ချင်စိတ်ကို တစ်ခါတလေ မထိန်းချုပ်နိုင်တာကို အမှတ်ရသင့်တယ်။ ဂေသရှေမန် ဥယျာဉ်မှာ ယေရှု အကြီးအကျယ် စိတ်သောက ရောက်နေတဲ့အခါ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ဟာ “ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး အိပ်ပျော်နေ” ကြတယ်။—လု. ၂၂:၄၅။