အောက်ခြေမှတ်ချက်
a “လူ့လောက အစပြုချိန်” ဆိုတဲ့ အသုံးအနှုန်းက မွေးဖွားချိန်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတဲ့အတွက် အစောဆုံး မွေးလာတဲ့ လူသားနဲ့ ဆက်နွှယ်နေပါတယ်။ ဒါပေမဲ့ ယေရှုက ဘာကြောင့် ပထမဆုံး မွေးဖွားလာတဲ့ ကာအိနကို မဟုတ်ဘဲ အာဗေလကို “လူ့လောက အစပြုချိန်” နဲ့ ဆက်စပ် ပြောဆိုခဲ့တာလဲ။ ကာအိနရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေက ယေဟောဝါဘုရားကို တမင်တကာ ပုန်ကန်တဲ့သဘော ရှိတယ်။ ကာအိနဟာ သူ့ရဲ့မိဘတွေလိုပဲ အသက်ပြန်ရှင်ခွင့်နဲ့ အပြစ်ကနေ ရွေးနုတ်ခံရခွင့် မရှိတော့ဘူးလို့ ကောက်ချက်ချတာ ကျိုးကြောင်းညီညွတ်ပါတယ်။