အောက်ခြေမှတ်ချက်
a ဓမ္မအမှုဆောင်ရွက်သော ရှေ့ဆောင်တစ်ဦးသည် မိမိဇနီး၏ လေးစားမှုနှင့် မေတ္တာပါသောထောက်မမှုကို တစ်ကိုယ်ရေရှေ့ဆောင်တစ်ဦးအား ချီးမွမ်းပြောဆိုတင်ပြခဲ့သည်။ တစ်ကိုယ်ရေရှေ့ဆောင်ဖြစ်သူက မိမိ၏မိတ်ဆွေသည် ဇနီး၏အခြားအရည်အချင်းများကိုပါ ထည့်ချီးမွမ်းသင့်သည်ဟု ယူမှတ်ခဲ့သည်။ နှစ်အနည်းငယ်ကြာသော် တစ်ကိုယ်ရေရှေ့ဆောင်ကိုယ်တိုင် အိမ်ထောင်ကျလေသည်။ ထိုအခါ အိမ်ထောင်ရေးသာယာမှုအတွက် မေတ္တာပါသောထောက်မမှုသည် မည်မျှအရေးကြီးကြောင်းကို သူကောင်းစွာသဘောပေါက်တော့သည်။