အောက်ခြေမှတ်ချက်
a ဧမီလ် ဆကူရာ၏ ယေရှုခရစ်ခေတ်မှ ဂျူးလူမျိုးတို့၏သမိုင်း (၁၇၅ ဘီ.စီ.—အေ.ဒီ. ၁၃၅) စာအုပ်အရ မစ်ရှ်နာတွင် မဟာလွှတ်တော်၊ သို့မဟုတ် ခုနစ်ဆယ့်တစ်ဦးအဖွဲ့ဝင်လွှတ်တော်၏ လုပ်ရိုးလုပ်စဉ်များကို အတိအကျမဖော်ပြထားသော်လည်း အဖွဲ့ဝင် ၂၃ ဦးရှိအောက်လွှတ်တော်၏လုပ်ရိုးလုပ်စဉ်များကိုမူ အသေးစိတ်ဖော်ပြထားသည်။ ဥပဒေကျောင်းသားများသည် အောက်လွှတ်တော်တွင် အမှုစစ်သောအခါ သေဒဏ်ထိုက်သည့်အမှုများကို တက်ရောက်နိုင်ပြီး သူတို့သည် တရားခံဘက်မှ ထောက်ခံပြောဆိုခွင့်သာရှိကာ ဆန့်ကျင်ပြောဆိုခြင်းကိုကားမပြုရချေ။ သေဒဏ်ခံထိုက်သည့်အမှုများမဟုတ်လျှင်ကား နှစ်ခုစလုံးပြုခွင့်ရှိသည်။