အောက်ခြေမှတ်ချက်
c သမ္မာကျမ်းစာတွင် ရည်ညွှန်းထားသော စိုင်မှာ အောရာ့ဂ်စ် (လက်တင် ယူးရပ်စ်) ဖြစ်ဖွယ်ရှိသည်။ လွန်ခဲ့သည့်အနှစ်နှစ်ထောင်က ဤတိရစ္ဆာန်များကို ဂေါနယ် (ယခုပြင်သစ်နိုင်ငံ) တွင်တွေ့ရှိခဲ့ရပြီး ဂျူးလီယက်ဆီဇာက ယင်းတို့၏ အောက်ပါသရုပ်သဏ္ဌာန်ကို ဤသို့ရေးသားထားသည်– “ဤယူရိုင်တို့သည် ဆင်နီးပါးအရွယ်ရှိသော်လည်း ယင်းတို့၏သဘောသဘာဝ၊ အသွေးအရောင်နှင့် ပုံသဏ္ဌာန်တို့မှာ နွားနှင့်တူသည်။ ခွန်အားကြီးပြီး အလွန်လျင်မြန်သည်– သူတို့တွေ့ မြင်လိုက်သည့် လူဖြစ်စေ၊ သားရိုင်းတိရစ္ဆာန်ဖြစ်စေ မည်သူ့ကိုမျှ ချမ်းသာမပေးပါ။”