အောက်ခြေမှတ်ချက်
a အင်္ဂလိပ်ကျမ်းစာသစ်က ဆာလံ ၉၆:၁ ကို “မြေကြီးသားအပေါင်းတို့ သခင်ဘုရားအား သီချင်းဆိုကြလော့” ဟုပြန်ဆိုထားသည်။ ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်း၌ “ဤမြေကြီးပေါ်တွင်ရှိသူတိုင်း သခင်ဘုရားအား ချီးမွမ်းသီချင်းဆိုကြလော့” ဟုဖတ်ရမည်။ ယင်းက “မြေကြီးသစ်” ဟုဟေရှာယရည်ညွှန်းရာတွင် မိမိတို့၏ပြည်တော်သို့ပြန်ရောက်နေသော ဘုရားသခင့်လူမျိုးတော်ကို သူရည်ညွှန်းနေခြင်းဖြစ်သည်ဟူသည့် နားလည်သဘောပေါက်မှုနှင့် ကိုက်ညီသည်။