အောက်ခြေမှတ်ချက်
a “မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏” ဟူသော တမန်တော်ပေါလု၏စကားနှင့်ပတ်သက်၍ ကျမ်းပညာရှင် ဂေါဒင်. ဒီ. ဖီက ဤသို့ရေးသားခဲ့သည်– “ပေါလု၏သာသနာအဆိုတွင် ၎င်း [စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်း] တို့သည် လူသားတို့အပေါ် ဘုရားသခင်၏သဘောထား ရှုထောင့်နှစ်ရပ်ကို ကိုယ်စားပြုသည်။ (ရောမ ၂:၄ နှင့်နှိုင်းယှဉ်)။ တစ်ဖက်တွင် ပုန်ကန်သောလူသားများအပေါ် အမျက်ဒေါသကို ဘုရားသခင်ချုပ်ထိန်းထားခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်၊ သည်းခံခြင်းတရား ထင်ရှားသည်; အခြားတစ်ဖက်တွင် ကိုယ်တော်၏ကရုဏာတော်ထင်ရှားစေသည့် အထောင်အသောင်းသောအသုံးအနှုန်းတွင် ကိုယ်တော်၏သနားကြင်နာမှုကို တွေ့မြင်ရသည်။ သို့ဖြစ်၍ မေတ္တာအကြောင်း ပေါလု၏ဖော်ပြချက်သည် ဘုရားသခင်၏ ဤအသွင်သဏ္ဌာန်နှစ်မျိုးဖြင့် စတင်၏၊ ကိုယ်တော်သည် တရားစီရင်ခံထိုက်သူတို့ကို သည်းခံတော်မူ၍ သနားညှာတာကြောင်း ခရစ်တော်အားဖြင့် ဖော်ပြတော်မူခဲ့သည်။”