အောက်ခြေမှတ်ချက်
b “နိုးနိုးကြားကြားရှိကြလော့” ဟုဘာသာပြန်ဆိုထားသော ဂရိကြိယာသည် စာသားအရ ‘အအိပ်ကို မောင်းထုတ်ခြင်း’ ဟုအဓိပ္ပာယ်ရပြီး “ရိုးရိုးနိုးကြားနေခြင်းမျှသာမက အရာတစ်ခုကို အာရုံစိုက်နေသူများ သတိဝီရိယနှင့် စောင့်ကြည့်နေခြင်းကို ဆိုလိုသည်” ဟုအဘိဓာန်ပြုစုသူ ဒဗလျူ. အီး. ဗိုင်းက ရှင်းပြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဤအစီအစဉ်စနစ် ဆုံးခန်းတိုင်တော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
• ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ ပုံသက်သေများမှ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း။
• အဘယ်အရည်အသွေးသုံးခုက ဝိညာဉ်ရေးအရ နိုးကြားနေရန် ကူညီပေးမည်နည်း။
• ဤအချိန်သည် “ရခဲ့ပြီးသောအရာကို စွဲကိုင်” နေရမည့်အချိန် အဘယ်ကြောင့်ဖြစ်သနည်း။