အောက်ခြေမှတ်ချက်
a အချို့ကျမ်းစာဘာသာပြန်ကျမ်းများက “ရောက်ရှိနေခြင်း” ဟူသောစကားလုံးကို မှားယွင်းစွာပြန်ဆိုခြင်းကြောင့် ပေါ်ထွက်လာသောမှားယွင်းသည့်အယူအဆကို ပြုပြင်တည့်မတ်ရာတွင် ယေရှု၏ဖော်ပြချက်က အထောက်အကူပြု၏။ အချို့ဘာသာပြန်ကျမ်းများက ယင်းစကားလုံးကို “ကြွလာခြင်း၊” “ပေါ်ထွန်းခြင်း၊” သို့မဟုတ် “ပြန်ကြွလာခြင်း” ဟူ၍ပြန်ဆိုထားကြသည်၊ ထိုပြန်ဆိုချက်အားလုံးက အချိန်တစ်ခုအတွင်း ခဏမျှကြာသောအဖြစ်အပျက်ကိုသာ အကျုံးဝင်စေ၏။ သို့သော် ယေရှုက မိမိရောက်ရှိနေခြင်းကို အချိန်တစ်ခုအတွင်းရှိ အဖြစ်အပျက်တစ်ခုဖြစ်သော နောဧခေတ်ရေလွှမ်းမိုးသည့်နေ့နှင့် မနှိုင်းယှဉ်ဘဲ အထွတ်အထိပ်အချိန်ကာလဖြစ်သော “နောဧလက်ထက်” နှင့်နှိုင်းယှဉ်ခဲ့သည်ကို သတိပြုပါ။ ထိုရှေးခေတ်ကာလကဲ့သို့ပင် ခရစ်တော်ရောက်ရှိနေခြင်းသည် သတိပေးချက်ကို လူတို့ သတိမမူမိသည်အထိ နေ့စဉ်ဘဝကိစ္စရပ်များ၌ အလွန်အလုပ်များနေကြမည်ဖြစ်သော ခေတ်ကာလတစ်ခုဖြစ်လိမ့်မည်။