အောက်ခြေမှတ်ချက်
a အဖေက ယောသပ်ကို သားဦးအရာပေးဖို့ ရည်ရွယ်ချက်နဲ့ လှပတဲ့ဝတ်ရုံကို ပေးတာဖြစ်တယ်လို့ အစ်ကိုတွေ ယူမှတ်တယ်ဆိုပြီး ပညာရှင်တချို့ ဖော်ပြကြတယ်။ ယောသပ်ဟာ ယာကုပ် ပထမဆုံးလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ အချစ်ဆုံးဇနီးရဲ့ သားဦးဖြစ်တယ်ဆိုတာ အစ်ကိုတွေ သိထားကြတယ်။ ဒါ့အပြင် ယာကုပ်ရဲ့သားဦးဖြစ်တဲ့ ရုဗင်က အဖေရဲ့မယားငယ်နဲ့ ပြစ်မှားခဲ့တယ်။ ဒါကြောင့် အဖေကို အရှက်ခွဲခဲ့တဲ့ ရုဗင်ဟာ သူ့ရဲ့ သားဦးအရာကို ဆုံးရှုံးခဲ့ပြီဖြစ်တယ်။—ကမ္ဘာဦး ၃၅:၂၂; ၄၉:၃၊ ၄။