အောက်ခြေမှတ်ချက်
f မှားယွင်းတဲ့ဘာသာနဲ့ ပတ်သက်နေတဲ့ လူငယ် အသင်းအဖွဲ့တွေ၊ ဖျော်ဖြေရေး လုပ်ဆောင်မှုတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ဥပမာ၊ ဝိုင်အမ်စီအေ (ခရစ်ယာန် လူငယ်အမျိုးသားများ အဖွဲ့) အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ၁၉၇၉၊ ဇန်နဝါရီ ၁ ရက်ထုတ် (အင်္ဂလိပ်) ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။ ဝိုင်ဒဗလျူစီအေ (ခရစ်ယာန် လူငယ်အမျိုးသမီးများ အဖွဲ့) အဖွဲ့နဲ့ပတ်သက်ရင်လည်း အလားတူပါပဲ။ ကိုယ့်ဒေသမှာရှိတဲ့ အဲဒီအဖွဲ့အစည်းတချို့က သူတို့ရဲ့ လုပ်ဆောင်မှုဟာ ဘာသာရေးနဲ့ မပတ်သက်ဘူးလို့ ပြောပေမဲ့ တကယ်တမ်းတော့ ဘာသာရေးကို အားပေးအားမြှောက် လုပ်နေတဲ့ အဖွဲ့အစည်းတွေပါပဲ။