အောက်ခြေမှတ်ချက်
a စာတန်ဟာ ကျွမ်းကျင်တဲ့ မုဆိုးနဲ့ တူတယ်။ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာပါစေ ကျွန်တော်တို့ကို ထောင်ဖမ်းဖို့ ကြိုးစားနေတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပျက်အောင် မာနနဲ့ လောဘကို စာတန် ဘယ်လို သုံးနေတယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ မာနနဲ့ လောဘ ထောင်ချောက်ထဲ ကျခဲ့သူ တချို့အကြောင်း၊ အဲဒီထောင်ချောက်တွေကို ဘယ်လို ရှောင်နိုင်ကြောင်း သိလာရပါမယ်။