အောက်ခြေမှတ်ချက်
a ယေဟောဝါက ပရောဖက် ဇာခရိကို စိတ်အာရုံ အတော်များများ မြင်တွေ့စေတယ်။ ဇာခရိ မြင်ရတဲ့အရာက ဇာခရိကိုရော ယေဟောဝါရဲ့ လူမျိုးကိုပါ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်တည်ဆောက်ဖို့ ကြိုးစားချိန်မှာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ခွန်အား ရှိစေတယ်။ အဲဒီစိတ်အာရုံတွေက အခက်အခဲတွေကြား ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။ ဇာခရိ မြင်ရတဲ့ စိတ်အာရုံတွေထဲက တစ်ခု ဖြစ်တဲ့ ဆီမီးတိုင်နဲ့ သံလွင်ပင် စိတ်အာရုံကနေ သင်ယူနိုင်တဲ့ အဖိုးတန် သင်ခန်းစာတွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။