အောက်ခြေမှတ်ချက်
b စကားလုံး ရှင်းလင်းချက်– “ပုံဆောင်ပရဒိသု” ဆိုတာ ငြိမ်းချမ်းလုံခြုံတဲ့ အခြေအနေကို ဆိုလိုတယ်။ အဲဒီမှာ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုခွင့် ရကြတယ်။ ဘာသာရေး အလိမ်အညာတွေကနေ လွတ်မြောက်စေတဲ့ ကျမ်းစာ အကြောင်းအရာ အလျှံပယ် ရကြတယ်။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောရတဲ့ ကျေနပ်စရာ အလုပ်လည်း ရထားတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်အောင် ကူညီပေးတဲ့ မေတ္တာရှိ ညီအစ်ကို/မတွေလည်း ရထားတယ်။ မှန်ကန်တဲ့နည်းနဲ့ ယေဟောဝါကို စဝတ်ပြုချိန်၊ ဘုရားကို အတတ်နိုင်ဆုံး အတုယူချိန်မှာ ပုံဆောင်ပရဒိသုထဲ ကျွန်တော်တို့ ရောက်လာကြတယ်။