ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၁၀-၁၁
  • ဗေလိဇ်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗေလိဇ်သို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၄
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၁၀-၁၁
ဗေလိဇ်ကမ်းရိုးတန်း

သူတို့မြေ၊ သူတို့ဓလေ့

ဗေလိဇ်သို့ အလည်တစ်ခေါက်

Map of Belize

ဗေလိဇ်ဟာ နိုင်ငံငယ်လေးဖြစ်ပေမဲ့ အပူပိုင်းသစ်တောရော ကမ်းရိုးတန်းပါ ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်မှာ စိမ်းပြာရောင်ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကြီးကျွန်းငယ်များစွာရှိပါတယ်။ ဗေလိဇ်ကို စိတ်ဝင်စားစေတဲ့အရာက ဗေလိဇ်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်အမျိုးမျိုးကြောင့်ပါ။

ဗေလိဇ်နိုင်ငံမှာ ငှက်မျိုးစိတ်၊ တိရစ္ဆာန်မျိုးစိတ် များစွာကို တွေ့ရတယ်။ အဲဒီအထဲမှာ အရောင်အသွေးစုံတဲ့ ကော့ယင်ငှက်၊ ရေမြင်းမျိုးနွယ်ဝင်ဖြစ်ပြီး ကုန်းပေါ်မှာရော ရေထဲမှာပါ အရမ်းလျင်တဲ့ နှာရောင်ကောက်ကောက်နဲ့ ကြံ့သူတော်လည်း ပါတယ်။ ကျားသစ်တွေလည်းရှိတယ်။ တကယ်တော့ ဗေလိဇ်ဟာ ကျားသစ်တွေ မျိုးမသုဉ်းအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဂုဏ်ယူနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ကျားသစ်တစ်ကောင်

ဗေလိဇ်နိုင်ငံဟာ ကျားသစ်တွေ မျိုးမသုဉ်းအောင် ထိမ်းသိမ်းစောင့်ရှောက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဂုဏ်ယူနေ

ဗေလိဇ်ဟာ အရင်က မာယာယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ နယ်မြေအဝင်ဖြစ်ပြီး ၁၆ ရာစုမှာ စပိန်ကျူးကျော်သူတွေ ဝင်ရောက်လာခဲ့ပေမဲ့ မာယာတွေကို အပြီးအပိုင် မသိမ်းပိုက်နိုင်ခဲ့ဘူး။ နောက်ပိုင်း ဗြိတိသျှတွေက နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ခဲ့ပြီး ၁၈၆၂ ခုနှစ်မှာ ဗြိတိသျှ ဟွန်ဒူးရပ်စ် ကိုလိုနီအဖြစ် တရားဝင်ကြေညာခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ လွပ်လပ်ရေးရခဲ့ပါတယ်။

နယ်မြေအသွင်အပြင် အမျိုးမျိုးရှိသလို လူမျိုး အမျိုးမျိုးလည်းရှိတယ်။ အဓိကလူမျိုးတချို့က ကရီအောလ်၊ အရှေ့အင်ဒီးယန်း၊ ဂါရီဖူနာ၊ မာယာနဲ့ မက်စတီဇိုလူမျိုးတွေဖြစ်ကြတယ်။ ဗေလိဇ်နိုင်ငံသားတွေဟာ ရင်းနှီး ဖော်ရွေကြတယ်။ မြန်မာနိုင်ငံမှာလိုပါပဲ ဗေလိဇ်မှာ ကလေးတွေက လူကြီးတွေကို စကားပြောတဲ့အခါ “အစ်မ/အဒေါ်” “အစ်ကို/ဦးလေး” လို့ခေါ်ဆိုသုံးနှုန်းပြီး လေးလေးစားစား ပြောဆိုကြတယ်။

ဈေးထဲက ဗေလိဇ်အမျိုးသမီးများ

ဗေလိဇ်စီးတီးမှာရှိတဲ့ဈေး

ဗေလိဇ်မှာ အမေရိကန်လက်သင်္ကေတပြဘာသာစကား၊ ဗေလိဇ်ခရိအော၊ အင်္ဂလိပ်၊ အနောက်ဂျာမန်၊ မန်ဒရင်းတရုတ်၊ မာယာ၊ စပိန်ဘာသာစကားပြော ယေဟောဝါသက်သေအသင်းတော်တွေ ရှိတယ်။ ၂၀၁၃ ခုနှစ်မှာ ဗေလိဇ်နိုင်ငံသား ၄၀ မှာ ၁ ယောက်ဟာ ယေရှုခရစ်ရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခဲ့ကြတယ်။

သင် သိပါသလား။ ဗေလိဇ်သန္တာကျောက်တန်းဟာ မိုင် ၁၈၀ ကျော်ရှည်လျားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး သန္တာကျောက်တန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းက ဩစတြေးလျက ဂရိတ်ဘယ်ရီယယ် သန္တာကျောက်တန်း ဖြစ်ပါတယ်။

ဗေလိဇ်သန္တာကျောက်တန်း

ဗေလိဇ်သန္တာကျောက်တန်းဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး သန္တာကျောက်တန်းရဲ့ အစိတ်အပိုင်းဖြစ်

အချက်အလက်အကျဉ်း

  • လူဦးရေ– ၃၃၃,၀၀၀

  • မြို့တော်– ဘယ်လ်မိုပန်

  • အစိုးရ– ပါလီမန် ဒီမိုကရေစီ

  • ဘာသာစကား– ဗေလိဇ် ခရီအော၊ အင်္ဂလိပ်၊ စပိန်

  • ရာသီဥတု– သမပိုင်းရာသီဥတု

  • မြေမျက်နှာသွင်ပြင်– ကုန်းတွင်းပိုင်းမှာ တောင်တန်းတွေ၊ အပူပိုင်းသစ်တောတွေ၊ စိမ့်မြေတွေရှိပြီး ကမ်းရိုးတန်းတစ်လျှောက်မှာ လမုပင်တွေဝိုင်းရံထားတဲ့ ကျွန်းကြီးကျွန်းငယ်တွေ ရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ