-
အယူဖောက်ပြန်ခြင်းကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
-
-
ဟေရှာ. ၃၂:၆၊ ကဘ– “လူမိုက်ကိုယ်တိုင် မိုက်သောစကားကိုသာပြော၍ သူ၏နှလုံးသည် အယူဖောက်ပြန်ရန်၊ ယေဟောဝါကိုဆန့်ကျင်၍ မိုက်ကန်းသောစကားကိုပြောရန်၊ ငတ်ပြတ်သောစိုးလ်ကိုလက်ချည်းသက်သက်၊ ရေငတ်သူကိုသောက်စရာမဲ့လျက်သွားစေရန်၊ ထိခိုက်နစ်နာစေသောအရာကိုကြံစည်လိမ့်မည်။” (ဟေရှာယ ၄၅:၁၃၊ ၁၄ နှင့်နှိုင်းယှဉ်။)
အယူဖောက်ပြန်ခြင်းသည် မည်မျှအန္တရာယ်ကြီးမားသနည်း
၂ ပေ. ၂:၁– “[ဤသူတို့သည်] ဖျက်ဆီးတတ်သောမိစ္ဆာတိတ္ထိအယူများကို ပရိယာယ်အားဖြင့်သွင်း၍ မိမိတို့ကိုဝယ်တော်မူသောအရှင်ကိုငြင်းပယ်လျက် မိမိတို့အပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကိုရောက်စေ. . . [ကြလိမ့်မည်။]”
ယောဘ ၁၃:၁၆– “အဓမ္မလူ [“အယူဖောက်ပြန်သူ၊” ကဘ] သည် အထံတော်သို့မဝင်ရ။”
ဟေဗြဲ ၆:၄-၆– “အလင်းသို့တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကိုမြည်းစမ်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခြင်း၊ ဘုရားသခင်၏ကောင်းမြတ်သောတရားစကားကိုလည်းကောင်း၊ နောင်ကပ်ကာလ၏တန်ခိုးများကိုလည်းကောင်း မြည်းစမ်းခြင်းရှိပြီးမှ ရွေ့လျော့ဖောက်ပြန်သော [“အယူဖောက်ပြန်မှုကိုကျူးလွန်သော်၊” RS] သူတို့သည် . . . ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ အသရေတော်ကိုရှုတ်ချသောသူဖြစ်သောကြောင့် နောက်တစ်ဖန်နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းကိုမရောက်နိုင်ကြ။”
-
-
အရှင်လတ်လတ် ကောင်းကင်တက်ခြင်းကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
-
-
အရှင်လတ်လတ် ကောင်းကင်တက်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– သစ္စာရှိခရစ်ယာန်များ ကမ္ဘာပေါ်မှ ကိုယ်ခန္ဓာနှင့်တကွ ရုတ်တရက် အထက်သို့ချီဆောင်ခံရပြီး “အာကာသကောင်းကင်၌” သခင်ဘုရားနှင့်အစဉ်နေရမည် ဟူသောအယူဖြစ်၏။ လူအားလုံးမဟုတ်သော်လည်း အချို့က “အရှင်လတ်လတ် ကောင်းကင်တက်ခြင်း” သည် ၁ သက်သာလောနိတ် ၄:၁၇ ၏ဆိုလိုချက်ဖြစ်သည်ဟု နားလည်ကြသည်။ မှုတ်သွင်းခံကျမ်းစာ၌ “အရှင်လတ်လတ် ကောင်းကင်တက်ခြင်း” ဟူသောစကားလုံးကို မတွေ့ရချေ။
ခရစ်ယာန်တို့သည်သခင်မြတ်နှင့်အတူနေရန် “ချီဆောင်” ခံရမည်ဟုပေါလုဆိုစဉ် အဘယ်အကြောင်းကို သူဆွေးနွေးနေသနည်း
၁ သက်. ၄:၁၃-၁၈– “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသောအခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့ [“သေလွန်သူများ၊” သက] ၏အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှတစ်ဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌အိပ်ပျော်သောသူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
-