ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၀၃ စာ. ၂၃၈-စာ. ၂၃၉ ပိုဒ်. ၂
  • “နိုင်ငံတော် လာပါစေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နိုင်ငံတော် လာပါစေ”
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကြမ်းတမ်းတဲ့ ဘဝခရီး စခဲ့ရပြီ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက် မကြာမီ ပြည့်စုံလာတော့မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၀၃ စာ. ၂၃၈-စာ. ၂၃၉ ပိုဒ်. ၂
လူကြီးတွေ၊ ကလေးတွေ ပရဒိသုမှာ ပျော်နေကြ

သင်ခန်းစာ ၁၀၃

“နိုင်ငံတော် လာပါစေ”

ယေဟောဝါ ဒီလို ကတိပေးထားတယ်– ‘သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးမယ်။ အရင်ကဖြစ်ဖူးတဲ့ မကောင်းတာတွေအားလုံး ကွယ်ပျောက်သွားစေမယ်။’

ယေဟောဝါက အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်ထဲမှာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ဖို့ နေရာချပေးတယ်။ သူတို့ရဲ့ ကောင်းကင်ဖခင်ကို ကိုးကွယ်ရင်း မြေကြီးပေါ်မှာ သားသမီးတွေ ပြည့်စေဖို့ဖြစ်တယ်။ ယေဟောဝါစကားကို အာဒံနဲ့ဧဝ နားမထောင်ပေမဲ့ ဘုရားရည်ရွယ်ချက်က မပြောင်းလဲဘူး။ ဘုရားသခင် ကတိပေးသမျှ ပြည့်စုံလာတာကို ဒီစာအုပ်ထဲမှာ ဖတ်ခဲ့ရတယ်။ ယေဟောဝါက အာဗြဟံကို ကတိပေးခဲ့သလိုပဲ နိုင်ငံတော်ဟာ ဒီကမ္ဘာမြေကြီးပေါ် တကယ့်ကိုကောင်းတဲ့ ကောင်းချီးမင်္ဂလာတွေ ဆောင်ကြဉ်းပေးလိမ့်မယ်။

လူကြီးတွေ၊ ကလေးတွေနဲ့ သားရိုင်းတိရစ္ဆာန်တွေ ပရဒိသုမှာ အတူရှိနေကြ

မကြာခင်၊ စာတန်၊ သူ့နတ်ဆိုးတွေနဲ့ လူဆိုးအားလုံး ရှိတော့မှာမဟုတ်ဘူး။ လူအားလုံး ယေဟောဝါကိုပဲ ကိုးကွယ်ကြတော့မယ်။ ဖျားတာ၊ သေတာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအစား အားအင်အပြည့်နဲ့ နေ့တိုင်း နိုးထလာမယ်။ အသက်ရှင်ရကျိုးနပ်လို့ ပျော်ရွှင်ရလိမ့်မယ်။ မြေကြီးဟာ ပရဒိသု ဖြစ်လာမယ်။ လူတိုင်း အာဟာရရှိတဲ့ အစာတွေစားပြီး ဘေးကင်းလုံခြုံမယ်။ လူတွေဟာ ရက်စက်ကြမ်းတမ်းတော့မှာမဟုတ်ဘဲ သနားကြင်နာကြလိမ့်မယ်။ သားရိုင်းတိရစ္ဆာန်တွေက လူတွေကို ကြောက်တော့မှာ မဟုတ်ဘူး။ လူတွေကလည်း သူတို့ကို ကြောက်စရာမလိုတော့ဘူး။

ယေဟောဝါက လူတွေကို အသက်ပြန်ရှင်လာစေတဲ့အခါ ဘယ်လောက် ပျော်စရာကောင်းမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီအခါ ဟိုးအရင်က အသက်ရှင်ခဲ့တဲ့ အာဗေလ၊ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဧသတာနဲ့ ဒါဝိဒ်တို့ကို ပြန်တွေ့ခွင့်ရမယ်။ သူတို့နဲ့အတူ ဒီကမ္ဘာမြေကြီးကို ပရဒိသုဖြစ်စေတော့မယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်အမျိုးမျိုးကို အမြဲလုပ်နေရတော့မယ်။

ယေဟောဝါက လူတွေကို အဲဒီမှာ ရှိနေစေချင်တယ်။ တစ်ခါမှ မစဉ်းစားဖူးတဲ့ နည်းတွေနဲ့ ယေဟောဝါအကြောင်း သိလာရလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း ယေဟောဝါနဲ့ ပိုရင်းနှီးချစ်ခင်လာအောင် ကြိုးစားကြစို့။

“ယေဟောဝါ ဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။”—ဗျာဒိတ် ၄:၁၁

မေးခွန်း– ဘုရားသခင့်နိုင်ငံတော်က မြေကြီးအသက်တာကို ဘယ်လို ပြောင်းလဲပေးမလဲ။ ဒီစာအုပ်ထဲမှာ ဖတ်ခဲ့ရတဲ့သူတွေထဲက ဘယ်သူ့ကို ပရဒိသုမှာ တွေ့ချင်သလဲ။

ဗျာဒိတ် ၂၁:၃၊ ၄။ ယောဘ ၃၃:၂၅။ ပညာအလိမ္မာ ၂:၂၁၊ ၂၂။ ဟေရှာယ ၁၁:၂-၁၀။ ၃၃:၂၄။ ၆၅:၂၁။ မဿဲ ၆:၉၊ ၁၀။ ယောဟန် ၅:၂၈၊ ၂၉။ ၁၇:၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ