ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁၅ စာ. ၂၁-၂၆
  • ဘုရားရေးရာကိစ္စတွေကို ဆက်တွေးတောဆင်ခြင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားရေးရာကိစ္စတွေကို ဆက်တွေးတောဆင်ခြင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေ့လာမှုကနေ အကျိုးရရှိစေဖို့ သေချာလုပ်ဆောင်ပါ
  • တွေးတောဆင်ခြင်သင့်တဲ့ အကြောင်းအရာတွေ
  • ဘုရားသခင့်စကားတော် ကျမ်းစာကို နေ့တိုင်း တွေးတောဆင်ခြင်ပါ
  • တွေးတောဆင်ခြင်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ
  • အချိန် ရှာယူနိုင်ပုံ
  • ထက်သန်သောဓမ္မအမှုဆောင်များအတွက် ဆုတောင်းပြီးတွေးတောဆင်ခြင်ခြင်းက မရှိမဖြစ်လိုအပ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ကျမ်းစာလေ့လာချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအကျိုးရအောင် ပြုလုပ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာကနေ ခွန်အား ရယူနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁၅ စာ. ၂၁-၂၆
ကျမ်းစာခေတ်ကလူတစ်ယောက် အိမ်မိုးပေါ်မှာ ညဘက် တွေးတောဆင်ခြင်နေ

ဘုရားရေးရာကိစ္စတွေကို ဆက်တွေးတောဆင်ခြင်ပါ

“ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။”—၁ တိ. ၄:၁၅။

သီချင်း– ၅၇၊ ၅၂

သင် ဘယ်လိုထင်သလဲ

  • တွေးတောဆင်ခြင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။

  • တွေးတောဆင်ခြင်သင့်တဲ့ အရာတချို့က ဘာတွေလဲ။

  • ကျမ်းစာကို နေ့တိုင်း တွေးတော ဆင်ခြင်ခြင်းကနေ ဘာအကျိုး ကျေးဇူးတွေ ရရှိသလဲ။

၁၊ ၂။ ဘယ်အချက်တွေကြောင့် လူသားတွေဟာ တိရစ္ဆာန်တွေနဲ့ ကွာခြားသလဲ။

လူ့ဦးနှောက်ဟာ တော်တော်ထူးခြားတယ်။ ဥပမာ၊ ဘာသာစကားသင်ယူနိုင်စွမ်းရှိတယ်။ ဘာသာစကားကြောင့် လူသားတွေဟာ ရေးနိုင်၊ ဖတ်နိုင်၊ ပြောဆိုနိုင်ပြီး ကြားတဲ့အရာကို နားလည်နိုင်ကြတယ်။ အဲဒီအပြင် ဆုတောင်းနိုင်တယ်။ ယေဟောဝါကိုချီးမွမ်းတဲ့ သီချင်းတွေ သီဆိုနိုင်တယ်။ ဒါတွေအားလုံးကြောင့် လူသားတွေဟာ တိရစ္ဆာန်တွေနဲ့ ကွာခြားတာဖြစ်တယ်။ သိပ္ပံပညာရှင်တွေဟာ လူ့ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝ နားမလည်နိုင်ကြဘူး။

၂ ဘာသာစကားအသုံးပြုနိုင်စွမ်းဟာ ယေဟောဝါဆီက လက်ဆောင်တစ်ခုဖြစ်တယ်။ (ဆာ. ၁၃၉:၁၄; ဗျာ. ၄:၁၁) တိရစ္ဆာန်တွေနဲ့ ကွာခြားစေတဲ့ နောက်လက်ဆောင်တစ်ခုကိုလည်း ဘုရားသခင်ပေးထားတယ်။ လူသားတွေဟာ “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဘုရားသခင်ကို ကိုယ်တတ်ကျွမ်းတဲ့ဘာသာစကားနဲ့ ဝတ်ပြုချီးမွမ်းနိုင်တယ်။—က. ၁:၂၇။

၃။ ကျွန်တော်တို့ ပညာရှိစေဖို့ ယေဟောဝါ ဘယ်လက်ဆောင်ပေးထားသလဲ။

၃ ယေဟောဝါက မိမိကို ဝတ်ပြုချီးမွမ်းလိုသူအားလုံးအတွက် ကျမ်းစာကို လက်ဆောင်ပေးထားတယ်။ ကျမ်းစာတစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကားပေါင်း ၂,၈၀၀ ကျော်နဲ့ ရရှိနိုင်တယ်။ ကျမ်းစာမှာပါတဲ့အရာတွေကို တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်စဉ်းစားသလို စဉ်းစားတတ်လာပါလိမ့်မယ်။ (ဆာ. ၄၀:၅; ၉၂:၅; ၁၃၉:၁၇) ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံက ကျွန်တော်တို့ကို ‘ကယ်တင်ခြင်းရရန် ပညာရှိစေနိုင်’ တယ်။—၂ တိမောသေ ၃:၁၄–၁၇ ကိုဖတ်ပါ။

၄။ တွေးတောဆင်ခြင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

၄ တွေးတောဆင်ခြင်တယ်ဆိုတာ တစ်ခုခုကို အာရုံစိုက်ပြီး အလေးအနက်စဉ်းစားတာကို ဆိုလိုတယ်။ (ဆာ. ၇၇:၁၂; သု. ၂၄:၁၊ ၂) ယေဟောဝါနဲ့ ယေရှုအကြောင်း သင်ယူသိရှိခဲ့တာတွေကို တွေးတောဆင်ခြင်ခြင်းက အကျိုးအရှိဆုံးဖြစ်တယ်။ (ယော. ၁၇:၃) ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါမယ်– ဘယ်လိုဖတ်ရှုနည်းက တွေးတောဆင်ခြင်ဖို့ လွယ်ကူစေသလဲ။ ဘာတွေကို တွေးတောဆင်ခြင်နိုင်သလဲ။ တွေးတောဆင်ခြင်ခြင်းကို ပျော်ရွှင်စရာကောင်းတဲ့ အလေ့အကျင့်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

လေ့လာမှုကနေ အကျိုးရရှိစေဖို့ သေချာလုပ်ဆောင်ပါ

၅၊ ၆။ ဖတ်နေတဲ့အကြောင်းအရာကို ပိုမှတ်မိနိုင်ဖို့၊ ပိုနားလည်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၅ သင်ဟာ အသက်ရှူတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတာတွေကို စဉ်းတောင်မစဉ်းစားဘဲ လုပ်ဆောင်နိုင်တာ သတိထားမိသလား။ ဝမ်းနည်းစရာကတော့ တစ်ခါတလေ မစဉ်းစားဘဲ စာဖတ်တဲ့အချိန်တွေလည်း ရှိတယ်။ စာဖတ်ရင်း တခြားအကြောင်းတွေဆီ အာရုံရောက်သွားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘာလုပ်နိုင်သလဲ။ ကိုယ်ဖတ်နေတဲ့အကြောင်းကို အာရုံစိုက်ပြီး အဓိပ္ပာယ်ကို သေချာစဉ်းစားဖို့ အရေးကြီးတယ်။ စာပိုဒ်ဆုံးတဲ့အခါ ဒါမှမဟုတ် ခေါင်းစဉ်ခွဲတစ်ခုကို ရောက်တဲ့အခါ ခဏရပ်ပြီး ဖတ်လိုက်တဲ့အကြောင်းကို တွေးတောပါ။ သိရှိလာတဲ့အကြောင်းကို စဉ်းစားပြီး တကယ်နားလည်မှန်း သေချာအောင်လုပ်ပါ။

ကျမ်းစာကို အသံထွက် ဖတ်ရွတ်ခြင်းက ဖတ်နေတဲ့ အကြောင်းအရာကို ပိုအာရုံစိုက် နိုင်ဖို့၊ ပိုမှတ်မိ နိုင်ဖို့ သင့်ကို ကူညီပေး ပါလိမ့်မယ်

၆ အကြောင်းအရာတစ်ခုခုကို အသံထွက်ဖတ်တဲ့အခါ ပိုမှတ်မိလွယ်တယ်လို့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတယ်။ ဦးနှောက်ကိုဖန်ဆင်းထားတဲ့အရှင်က အဲဒီအချက်ကို သိတယ်။ ဒါကြောင့်လည်း ပညတ်ကျမ်းမှာပါတဲ့အကြောင်းတွေကို “ဖတ်ရွတ်” ရမယ်လို့ ယောရှုကို မိန့်မှာခဲ့တယ်။ (ယောရှု ၁:၈ ကိုဖတ်ပါ။) ကျမ်းစာကို အသံထွက်ဖတ်ရွတ်ခြင်းက ဖတ်နေတဲ့အကြောင်းအရာကို ပိုအာရုံစိုက်နိုင်ဖို့၊ ပိုမှတ်မိနိုင်ဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။

၇။ ကျမ်းစာကို ဘယ်အချိန်မှာ တွေးတောဆင်ခြင်တာ အကောင်းဆုံးဖြစ်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၇ လေ့လာနေတဲ့အကြောင်းအရာကို အာရုံစိုက်ဖို့၊ တွေးတောဆင်ခြင်ဖို့ဆိုရင် အားစိုက်ထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ပင်ပန်းမနေတဲ့အချိန်၊ အေးဆေးတိတ်ဆိတ်ပြီး အာရုံပျံ့လွင့်စရာမရှိတဲ့နေရာမှာ တွေးတောဆင်ခြင်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ဆာလံဆရာဒါဝိဒ်ဟာ ညဘက် တစ်ရေးနိုးတဲ့အချိန်တွေမှာ တွေးတောဆင်ခြင်ခဲ့တယ်။ (ဆာ. ၆၃:၆) စုံလင်သူယေရှုဟာ တွေးတောဆင်ခြင်၊ ဆုတောင်းဖို့ တိတ်ဆိတ်တဲ့နေရာတွေကို ရွေးချယ်ခဲ့တယ်။—လု. ၆:၁၂။

တွေးတောဆင်ခြင်သင့်တဲ့ အကြောင်းအရာတွေ

၈။ (က) ဘယ်အကြောင်း တွေးတောဆင်ခြင်နိုင်သလဲ။ (ခ) ယေဟောဝါအကြောင်း ပြောဆိုဆွေးနွေးတဲ့အခါ ကိုယ်တော် ဘယ်လိုခံစားရသလဲ။

၈ ကျမ်းစာမှာဖတ်ရှုရတဲ့ အကြောင်းအရာတွေအပြင် တခြားအရာတွေကိုလည်း တွေးတောဆင်ခြင်နိုင်တယ်။ ဥပမာ၊ ယေဟောဝါရဲ့ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာတွေကို တွေ့ရှိတဲ့အခါ ခဏရပ်ပြီး ‘ဒါက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီလို စဉ်းစားခြင်းက ယေဟောဝါဆီ ဆုတောင်းပြီး ကျေးဇူးတင်စကားပြောဖို့ သင့်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ သင်ဟာ တခြားသူတွေနဲ့ ရှိနေတယ်ဆိုရင်လည်း သင့်ခံစားချက်တွေကို ဝေမျှပြောဆိုနိုင်တယ်။ (ဆာ. ၁၀၄:၂၄; တ. ၁၄:၁၇) ကျွန်တော်တို့ တွေးတောဆင်ခြင်၊ ဆုတောင်းပြီး ကိုယ်တော့်အကြောင်း အချင်းချင်းပြောဆိုတဲ့အခါ ယေဟောဝါ အာရုံစိုက်နားထောင်ပြီး ကျေနပ်နှစ်သက်တယ်။ ‘ယေဟောဝါကို ကြောက်ရွံ့သူတွေ၊ ကိုယ်တော့်နာမည်ကို တွေးတောဆင်ခြင်နေသူတွေအကြောင်းကို ကိုယ်တော့်ရှေ့က အောက်မေ့ရာစာအုပ်ထဲမှာ ရေးမှတ်ထားတယ်’ လို့ကျမ်းစာမှာ အာမခံထားတယ်။—မာလ. ၃:၁၆၊ ကဘ။

ခရစ်ယာန်ညီအစ်မတစ်ယောက်ဟာ သားသမီးနှစ်ယောက်ရှိတဲ့ ကျမ်းစာသင်သားရဲ့ အခြေအနေတွေကို တွေးတောဆင်ခြင်နေ

ကျမ်းစာသင်သားတွေရဲ့ လိုအပ်ရာနဲ့ အခြေအနေတွေကို သင် တွေးတောဆင်ခြင်သလား (အပိုဒ် ၉ ကိုကြည့်ပါ)

၉။ (က) ဘယ်အရာတွေကို တွေးတောဆင်ခြင်ဖို့ တိမောသေကို ပေါလု အားပေးခဲ့သလဲ။ (ခ) အမှုဆောင်လုပ်ငန်းအတွက် ပြင်ဆင်တဲ့အခါ ဘာတွေကို တွေးတောဆင်ခြင်နိုင်သလဲ။

၉ ကိုယ့်အပြောအဆို၊ အပြုအမူ၊ သွန်သင်ခြင်းက တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တွေးတောဆင်ခြင်ဖို့ တိမောသေကို တမန်တော်ပေါလု အားပေးခဲ့တယ်။ (၁ တိမောသေ ၄:၁၂–၁၆ ကိုဖတ်ပါ။) သင်လည်း အဲဒါတွေကို တွေးတောဆင်ခြင်နိုင်တယ်။ ဥပမာ၊ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ တွေးတောဆင်ခြင်ဖို့ အချိန်လိုအပ်တယ်။ ကိုယ့်သင်သားအကြောင်း စိတ်ထဲထားပြီး သူ့ကို တိုးတက်အောင်ကူညီပေးနိုင်တဲ့ မေးခွန်း ဒါမှမဟုတ် ပုံဥပမာတစ်ခုကို စဉ်းစားပါ။ အဲဒီလိုနည်းနဲ့ ပြင်ဆင်မယ်ဆိုရင် သင့်ယုံကြည်ခြင်း ခိုင်မာလာမယ်။ ကျမ်းစာသွန်သင်ရာမှာ ပိုထိရောက်ပြီး ပိုထက်သန်လာပါလိမ့်မယ်။ အမှုဆောင်မသွားခင် စိတ်ကိုပြင်ဆင်တာလည်း အကျိုးရှိတယ်။ (ဧဇရ ၇:၁၀ ကိုဖတ်ပါ။)a အမှုဆောင်လုပ်ငန်းမှာ ပိုဇွဲထက်သန်လာအောင် ကူညီပေးနိုင်တဲ့ တမန်တော်ကျမ်း အခန်းကြီးတစ်ခုခုကို ဖတ်ရှုနိုင်တယ်။ အဲဒီနေ့မှာ အသုံးပြုဖို့ ကြံရွယ်ထားတဲ့ ကျမ်းချက်တွေ၊ ဝေငှဖို့ ကြံရွယ်ထားတဲ့ စာပေတွေအကြောင်းလည်း တွေးတောဆင်ခြင်နိုင်တယ်။ (၂ တိ. ၁:၆) ရပ်ကွက်မှာရှိတဲ့ လူတွေအကြောင်း စဉ်းစားပါ။ သူတို့စိတ်ဝင်စားနိုင်မယ့် ဘယ်အကြောင်း ပြောမယ်ဆိုတာ စဉ်းစားပါ။ အဲဒီလိုနည်းနဲ့ ပြင်ဆင်မယ်ဆိုရင် ကျမ်းစာကို ထိထိရောက်ရောက်အသုံးပြုပြီး သက်သေခံနိုင်ပါလိမ့်မယ်။—၁ ကော. ၂:၄။

ဖတ်ရှုတဲ့ အရာတွေကို ရင်ထဲ ရောက်စေပါ၊ သိရှိလာတာတွေ အတွက် ယေဟောဝါကို ဆုတောင်း ကျေးဇူးတင်ပါ

၁၀။ ဘယ်အကြောင်းအရာတွေကို တွေးတောဆင်ခြင်နိုင်သေးသလဲ။

၁၀ ဘယ်အကြောင်းအရာတွေကို တွေးတောဆင်ခြင်နိုင်သေးသလဲ။ လူထုဟောပြောချက်တွေ၊ စည်းဝေးပွဲတွေ၊ ခရိုင်စည်းဝေးတွေမှာ သင်မှတ်စုယူတယ်ဆိုရင် အဲဒါတွေကို ပြန်သုံးသပ်ဖို့ အချိန်ယူပါ။ ‘ကျမ်းစာနဲ့ အဖွဲ့အစည်းကနေ ငါ ဘာတွေသိရှိလာသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ကင်းမျှော်စင် နဲ့ နိုးလော့! လထုတ်တိုင်းမှာပါတဲ့ အကြောင်းအရာတွေ၊ ခရိုင်စည်းဝေး နောက်ဆုံးထုတ်စာပေတွေထဲက အကြောင်းအရာတွေကိုလည်း တွေးတောဆင်ခြင်နိုင်တယ်။ နှစ်ချုပ်စာအုပ်ထဲက တွေ့ကြုံမှုတစ်ခုဖတ်ပြီးနောက် ခဏရပ်ပြီး စဉ်းစားပါ။ ရင်ထဲထိအောင် တွေးတောပါ။ အဖွဲ့အစည်းထုတ်စာပေတွေကို ဖတ်ရှုတဲ့အခါ အဓိကအချက်တွေကို မျဉ်းသားနိုင်တယ်၊ ဘေးကွက်လပ်မှာ မှတ်ချက်ရေးနိုင်တယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက ပြန်လည်ပတ်မှု၊ သိုးထိန်းလည်ပတ်မှု ဒါမှမဟုတ် ဟောပြောချက်အတွက် ပြင်ဆင်တဲ့အခါ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ခဏရပ်ပြီး တွေးတောဆင်ခြင်ခြင်းက ဖတ်ရှုတဲ့အရာတွေ ရင်ထဲရောက်ဖို့၊ သိရှိလာတာတွေအတွက် ယေဟောဝါကို ဆုတောင်းကျေးဇူးတင်ဖို့ အချိန်ရရှိစေပါလိမ့်မယ်။

ဘုရားသခင့်စကားတော် ကျမ်းစာကို နေ့တိုင်း တွေးတောဆင်ခြင်ပါ

၁၁။ တွေးတောဆင်ခြင်ရမယ့် အရေးကြီးဆုံးစာပေက ဘာလဲ။ အဲဒီလိုလုပ်ဆောင်ခြင်းက ဘယ်လိုကူညီပေးမလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၁ တွေးတောဆင်ခြင်ရမယ့် အရေးကြီးဆုံးစာပေကတော့ ကျမ်းစာဖြစ်တယ်။ ဒါပေမဲ့ တစ်ရက်ရက်မှာ ကျမ်းစာကို ပိုင်ဆိုင်ခွင့်မရတော့ရင် ဘယ်လိုလုပ်မလဲ။b အကြိုက်ဆုံးကျမ်းချက်တွေ၊ နိုင်ငံတော်သီချင်းတွေစတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက အကြောင်းအရာတွေကို မတွေးတောနိုင်အောင် သင့်ကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ (တ. ၁၆:၂၅) အဲဒီအပြင် သင်ယူထားတာတွေကို ပြန်မှတ်မိနိုင်အောင် ဘုရားသခင့်စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။ ဒီလိုနည်းနဲ့ သင် ဆက်သစ္စာရှိနေနိုင်ပါလိမ့်မယ်။—ယော. ၁၄:၂၆။

၁၂။ နေ့တိုင်း ကျမ်းစာဖတ်ရှုဖို့ စီစဉ်နိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

၁၂ နေ့တိုင်း ကျမ်းစာဖတ်ရှုဖို့ စီစဉ်နိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။ ဟောပြောသွန်သင်ခြင်းသင်တန်းအတွက် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို တစ်ပတ်တာရဲ့ နေ့တချို့မှာ ဖတ်ရှုဆင်ခြင်နိုင်တယ်။ ကျန်တဲ့နေ့တွေမှာတော့ မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုပြီး ယေရှု ပြောဆိုပြုမူခဲ့တာတွေကို တွေးတောဆင်ခြင်နိုင်တယ်။ (ရော. ၁၀:၁၇; ဟေဗြဲ ၁၂:၂; ၁ ပေ. ၂:၂၁) ယေရှုရဲ့ ဘဝဖြစ်ရပ်တွေကို အစဉ်လိုက်ဖော်ပြထားတဲ့ စာပေလည်း ကျွန်တော်တို့မှာရှိတယ်။ အဲဒီစာပေက ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝရရှိအောင် ကူညီပေးနိုင်တယ်။—ယော. ၁၄:၆။

တွေးတောဆင်ခြင်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ

၁၃၊ ၁၄။ ယေဟောဝါနဲ့ ယေရှုအကြောင်း ဆက်တွေးတောဆင်ခြင်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ အဲဒီလိုတွေးတောဆင်ခြင်ခြင်းက ဘာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးမလဲ။

၁၃ ယေဟောဝါနဲ့ ယေရှုအကြောင်း တွေးတောဆင်ခြင်ခြင်းက လူတစ်ယောက်ကို ရင့်ကျက်တဲ့ခရစ်ယာန်ဖြစ်အောင်၊ ယုံကြည်ခြင်းခိုင်မာနေအောင် ကူညီပေးနိုင်တယ်။ (ဟေဗြဲ ၅:၁၄; ၆:၁) ဘုရားသခင်အကြောင်း စဉ်းစားဖို့ အချိန်သိပ်မပေးသူဟာ တဖြည်းဖြည်း ကိုယ်တော်နဲ့ ဆက်ဆံရေး ပြတ်တောက်သွားနိုင်တယ်။ ကိုယ်တော့်ကို ငြင်းပယ်တဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ (ဟေဗြဲ ၂:၁; ၃:၁၂) ဘုရားသခင့်စကားတော်ကို “ဖြောင့်မှန်ကောင်းမွန်သော စိတ်နှလုံး” နဲ့ မခံယူရင် “စွဲမြဲ” နေမှာမဟုတ်ဘဲ “ဘဝ၏စိုးရိမ်ပူပန်မှု၊ စည်းစိမ်ဥစ္စာ၊ အပျော်အပါးတို့ကြောင့် အာရုံပျံ့လွင့်သွား” မယ်လို့ ယေရှု သတိပေးခဲ့တယ်။—လု. ၈:၁၄၊ ၁၅။

၁၄ ဒါကြောင့် ဘုရားသခင့်စကားတော် ကျမ်းစာကို ဆက်ပြီးတွေးတောဆင်ခြင်ကြပါစို့။ ယေဟောဝါအကြောင်း ပိုသိကျွမ်းအောင် လုပ်ဆောင်ကြပါစို့။ အဲဒီလိုလုပ်ဆောင်ခြင်းက ကိုယ်တော့်အရည်အသွေးတွေကို ပိုအပြည့်အဝတုပနိုင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ (၂ ကော. ၃:၁၈) ကောင်းကင်ဖခင်အကြောင်း သင်ယူခြင်း၊ ကိုယ်တော့်ကိုတုပခြင်းဟာ ထာဝစဉ်လုပ်ဆောင်သွားရမယ့်ကိစ္စဖြစ်တယ်။ အခွင့်ထူးကြီးပါပဲ။—ဒေ. ၃:၁၁။

ယေဟောဝါ နဲ့ ယေရှု အကြောင်း တွေးတော ဆင်ခြင်ခြင်းက အမှန်တရားအတွက် ဇွဲထက်သန်နေအောင် ကူညီပေးတယ်

၁၅၊ ၁၆။ (က) ယေဟောဝါနဲ့ ယေရှုအကြောင်း တွေးတောဆင်ခြင်ခြင်းကနေ သင် ဘယ်လိုအကျိုးရရှိသလဲ။ (ခ) တွေးတောဆင်ခြင်ဖို့ တစ်ခါတလေ ဘာကြောင့်ခက်နိုင်သလဲ။ ဒါပေမဲ့ ဘာကြောင့် ဆက်တွေးတောဆင်ခြင်သင့်သလဲ။

၁၅ ယေဟောဝါနဲ့ ယေရှုအကြောင်း တွေးတောဆင်ခြင်ခြင်းက အမှန်တရားအတွက် ဇွဲထက်သန်နေအောင် ကူညီပေးတယ်။ သင့်ရဲ့ ဇွဲထက်သန်မှုက ညီအစ်ကိုညီအစ်မတွေ၊ အမှုဆောင်လုပ်ငန်းမှာ တွေ့ဆုံသူတွေကို အားရှိစေနိုင်တယ်။ ယေဟောဝါရဲ့အကြီးမားဆုံးလက်ဆောင်ဖြစ်တဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိထားခြင်းကို သင် ဆက်တန်ဖိုးထားလေးမြတ်နေပါလိမ့်မယ်။ (ရော. ၃:၂၄; ယာ. ၄:၈) တောင်အာဖရိကမှာ နေထိုင်တဲ့ ညီအစ်ကိုမာ့ခ်ဟာ ယုံကြည်ချက်ကြောင့် ထောင်သုံးနှစ်ကျခံခဲ့ရတယ်။ သူအခုလိုပြောတယ်– “တွေးတောဆင်ခြင်ခြင်းက သည်းထိတ်ရင်ဖိုစွန့်စားခန်းနဲ့တူတယ်။ ဘုရားရေးရာကိစ္စတွေအကြောင်း ပိုတွေးတောဆင်ခြင်လေ ယေဟောဝါနဲ့ပတ်သက်တဲ့ အကြောင်းအရာသစ်တွေကို ပိုသိလာလေပဲ။ စိတ်ဓာတ်ကျတဲ့အခါတွေ၊ ရှေ့ရေးအတွက် တွေးပူမိတဲ့အခါတွေမှာ ကျမ်းစာကောက်ဖတ်ပြီး ကျမ်းချက်တွေကို တွေးတောဆင်ခြင်လိုက်တယ်။ အဲဒီအခါ တကယ့်ကို စိတ်ငြိမ်သက်မှု ခံစားရတယ်။”

၁၆ ဒီနေ့ခေတ်လောကမှာ အာရုံပျံ့လွင့်စရာတွေ များလွန်းလို့ ကျမ်းစာအကြောင်း တွေးတောဆင်ခြင်ဖို့ သိပ်ခက်တယ်။ အာဖရိကတိုက်မှာ နေထိုင်တဲ့ ညီအစ်ကိုပက်ထရစ် အခုလိုပြောတယ်– “ကျွန်တော့်ရဲ့စိတ်ဟာ လိုချင်တဲ့စာတွေရော၊ မလိုချင်တဲ့စာတွေပါ ပြည့်နေတဲ့ စာတိုက်ပုံးနဲ့တူတယ်။ အဲဒီစာတွေကို နေ့တိုင်း အမျိုးအစားခွဲဖို့ လိုအပ်တယ်။ ကျွန်တော့်စိတ်ထဲက အကြောင်းအရာတွေကို စစ်ဆေးလိုက်လို့ ‘စိုးရိမ်စိတ်တွေ သိပ်များ’ နေတာ တွေ့ရတဲ့အခါ ယေဟောဝါဆီ ဆုတောင်းလေ့ရှိတယ်။ ဒါမှ စိတ်ရှင်းရှင်းနဲ့ တွေးတောဆင်ခြင်နိုင်မယ်။ တွေးတောဆင်ခြင်မှုမစခင် အဲဒီလိုရှင်းထုတ်ဖို့ အချိန်လိုပေမဲ့ အဲဒီလိုလုပ်ဆောင်ခြင်းက ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ အမှန်တရားကို ပိုနားလည်နိုင်ဖို့ စိတ်တံခါးကို ဖွင့်ပေးတယ်။” (ဆာ. ၉၄:၁၉၊ ကဘ) မှန်ပါတယ်။ ကျမ်းစာကို နေ့တိုင်း ဖတ်ရှုပြီး တွေးတောဆင်ခြင်ခြင်းက ကျွန်တော်တို့ကို နည်းလမ်းများစွာနဲ့ အကျိုးပြုတယ်။—တ. ၁၇:၁၁။

အချိန် ရှာယူနိုင်ပုံ

၁၇။ တွေးတောဆင်ခြင်ဖို့ အချိန်ကို ဘယ်လိုရှာယူနိုင်သလဲ။

၁၇ တချို့က မနက်စောစောထပြီး ဖတ်ရှု၊ တွေးတောဆင်ခြင်၊ ဆုတောင်းကြတယ်။ တချို့က နေ့လည်စာစားချိန်မှာ အဲဒီလိုလုပ်ဆောင်ကြတယ်။ သင့်အတွက်တော့ အဆင်ပြေဆုံးအချိန်ဟာ ညနေခင်း ဒါမှမဟုတ် အိပ်ရာမဝင်ခင် ဖြစ်နိုင်တယ်။ တချို့က မနက်စောစောမှာရော အိပ်ရာမဝင်ခင်မှာပါ ကျမ်းစာဖတ်ချင်ကြတယ်။ (ယောရှု ၁:၈) အရေးကြီးဆုံးကတော့ ဘုရားသခင့်စကားတော် ကျမ်းစာကို နေ့တိုင်း တွေးတောဆင်ခြင်နိုင်အောင် အချိန်ကို အကျိုးရှိရှိ အသုံးပြုဖို့၊ တစ်နည်းအားဖြင့် သိပ်အရေးမကြီးတဲ့အရာတွေကနေ အချိန်ကို ဝယ်ယူဖို့ဖြစ်တယ်။—ဧ. ၅:၁၅၊ ၁၆။

၁၈။ ကျမ်းစာကို တွေးတောဆင်ခြင်ပြီး သိရှိလာတာတွေကို ကျင့်သုံးဖို့ ကြိုးစားအားထုတ်သူတွေကို ကျမ်းစာမှာ ဘယ်လိုအာမခံထားသလဲ။

၁၈ ဘုရားသခင့်စကားတော် ကျမ်းစာကို တွေးတောဆင်ခြင်ပြီး သိရှိလာတာတွေကို ကျင့်သုံးဖို့ ကြိုးစားအားထုတ်သူတွေကို ယေဟောဝါ ကောင်းချီးပေးမယ်လို့ ကျမ်းစာအာမခံတယ်။ (ဆာလံ ၁:၁–၃ ကိုဖတ်ပါ။) “ဘုရားသခင်၏တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏” လို့ ယေရှုပြောတယ်။ (လု. ၁၁:၂၈) အရေးကြီးဆုံးကတော့ ဘုရားရေးရာကိစ္စတွေကို နေ့တိုင်း တွေးတောဆင်ခြင်ခြင်းက ဘုရားဘုန်းတော်ထင်ရှားစေတဲ့နည်းနဲ့ အသက်ရှင်နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ယေဟောဝါက ကျွန်တော်တို့ကို လောလောဆယ် ပျော်ရွှင်မှု ပေးသနားမယ်၊ အနာဂတ်ကမ္ဘာသစ်မှာ ထာဝရအသက်နဲ့ ဆုချပါလိမ့်မယ်။—ယာ. ၁:၂၅; ဗျာ. ၁:၃။

a ဧဇရ ၇:၁၀ (ကဘ)– ‘သူက ယေဟောဝါရဲ့ပညတ်ကျမ်းကို ရှာဖွေလေ့လာဖို့၊ လက်တွေ့ကျင့်သုံးဖို့၊ အစ္စရေးတွေကို စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေအကြောင်း သွန်သင်ပေးဖို့ စိတ်ကိုပြင်ဆင်ထားတယ်။’

b ၂၀၀၆၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင်ပါ “ဝိညာဉ်ရေးသန်စွမ်းနေစေရန် တိုက်လှန်ခဲ့” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။

စကားလုံးတချို့ရဲ့ အဓိပ္ပာယ်

  • ဘုရားရေးရာကိစ္စတွေကို တွေးတောဆင်ခြင်ခြင်း– ဖန်ဆင်းခြင်းလက်ရာတစ်ခုခု၊ ကျမ်းစာ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတွေမှာ ဖတ်ရှုရတဲ့ အကြောင်းအရာတစ်ခုခုကို အလေးအနက် စဉ်းစားခြင်းဖြစ်တယ်။ အဲဒါတွေက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးတယ်၊ သူတို့ကို သင် ဘယ်လိုတုပနိုင်တယ်၊ တခြားသူတွေကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ နားလည်ဖို့ သင် ကြိုးစားတယ်။ အဲဒီလိုလုပ်ဆောင်တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ