သီချင်း ၁၁၃
တို့ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း
ပုံနှိပ်စာပေ
၁။ မြတ်ယေဟောဝါ ငြိမ်သက်ရှင်၊
စည်းလုံးခြင်း ဘုရား။
စစ်ပွဲအားလုံး ချုပ်ငြိမ်းစေ၊
ညီညွတ်ခြင်း ဆောင်ကြဉ်း။
ငြိမ်သက်ခြင်းမင်း ခရစ်တော်ပင်၊
ကြင်နာနူးညံ့ရှင်၊
အနိုင်ရ တရားသောစစ်မှာ၊
စုံလင်ငြိမ်းချမ်းမှာ။
၂။ ဒေါသစကား တို့ပယ်ရှား၊
ငြိမ်းအေးစေ ခိုက်ရန်။
လက်နက်ဓားလှံမှ ထုလုပ်၊
ငြိမ်းချမ်းရေး အသုံးအဆောင်။
ဒီငြိမ်သက်ခြင်း ထိန်းလိုရင်
ခွင့်လွှတ်တတ်ရပေ။
ယေရှုသိုးအဖြစ် ငြိမ်းချမ်းစွာ
သင်ယူသက်ရှင်စေ။
၃။ ဘုရားပေးတဲ့ ငြိမ်သက်ခြင်း
ကောင်းချီး အမှန်သက်သေ။
မိန့်တော်များ စောင့်ထိန်းလိုက်လျှောက်
နာခံဖို့ အသင့်ပေ။
ဒီအတိုင်း တို့လုပ်ဆောင်ကာ
ငြိမ်သက်ခြင်း ပြသ၊
ငြိမ်သက်ခြင်းပေး နိုင်ငံတော်
ရောက်မယ့်နေ့တိုင်ပါ။
(ဆာ. ၄၆:၉။ ဟေရှာ. ၂:၄။ ယာ. ၃:၁၇၊ ၁၈ တို့ကိုလည်း ကြည့်ပါ။)