ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၄/၁၅ စာ. ၃၂
  • သမ္မာကျမ်းစာသမိုင်း မည်မျှတိကျသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာသမိုင်း မည်မျှတိကျသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၄/၁၅ စာ. ၃၂

သမ္မာကျမ်းစာသမိုင်း မည်မျှတိကျသနည်း

အစ္စရေးသမ္မတဟောင်း ချိမ်း ဟာဇော့ဂ်နှင့် တဲလ်အဗစ်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ မော်ဒကိုင်း ဂစ်ရောန်တို့ရေးသားခဲ့သော သမ္မာကျမ်းစာပါ စစ်ပွဲများဟူသောစာအုပ်တွင် ဤသို့ဖော်ပြသည်–

“သမ္မာကျမ်းစာပါ စစ်ပွဲများ၏ စစ်ရေးဖော်ပြချက် . . . တို့ကို ထွင်လုံးဖြင့် ရှင်းလင်းဖော်ပြ၍မရနိုင်ပါ။ ဥပမာ၊ တရားသူကြီးမှတ်စာ အခန်းကြီး ၆-၈ တွင်ဖော်ပြထားသော မိဒျန်လူမျိုးနှင့် ယင်း၏မဟာမိတ်များနှင့် ဂိဒေါင်တိုက်ခိုက်သည့်စစ်ပွဲကို အိလိယက်လင်္ကာတွင် ဟိုးမားရေးသားဖော်ပြခဲ့သော ထရိုဂျန်စစ်ပွဲများနှင့် နှိုင်းယှဉ်ကြည့်ရုံဖြင့် လုံလောက်ပေသည်။ ဟိုးမားအတွက် ပထဝီအနေအထားအဖြစ် ဝင်လွယ်သောပင်လယ်ကမ်းခြေတစ်ခုခုနှင့် မနီးမဝေးတွင် ခံတပ်မြို့တစ်မြို့မြို့ရှိလျှင် လုံလောက်သည်။ . . . သမ္မာကျမ်းစာပါ ဂိဒေါင်၏တိုက်ပွဲအတွက်မူ ထိုသို့မဟုတ်ပါ။ အသေးစိတ်ကျသော စစ်ချီပုံများ၊ အတိအကျဖော်ပြထားသည့် မြေမျက်နှာသွင်ပြင်တွင် တွေ့ဆုံတိုက်ခိုက်ကြပုံနှင့် အလျားမိုင်လေးဆယ်ခန့်ရှိ စစ်နယ်ဝန်းပေါ်တွင် နှစ်ဖက်စစ်သည်များ၏လုပ်ဆောင်မှုများကို မည်သည့်နေရာဒေသ၌မျှ လုံးဝ ပုံတူကူး၍မရနိုင်ပါ။ . . . ထို့ကြောင့် သမ္မာကျမ်းစာတွင် ရေးသားဖော်ပြထားသည့် စစ်နည်းဗျူဟာများသည် စစ်မှန်ကြောင်း ကျွန်ုပ်တို့ မဖြစ်မနေဝန်ခံကြရတော့သည်။”

မြေပုံစာအုပ်နှင့်တူသော “ကောင်းမွန်သောပြည်ကို ကြည့်လော့”a ဘရိုရှာ စာမျက်နှာ ၁၈ နှင့် ၁၉ ပါမြေပုံကိုကြည့်ပြီး ဂိဒေါင်၏တိုက်ပွဲစဉ်ကို လေ့လာကြည့်ရှုနိုင်ပါသည်။ “မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့် ယေဇရေလချိုင့်သို့ကူးသွား၍ တပ်ချ” ချိန်၌ ထိုအဖြစ်အပျက်စတင်ခဲ့သည်။ ဂိဒေါင်သည် အနီးတစ်ဝိုက်မှ မျိုးနွယ်စုများကို စစ်ကူတောင်းလေ၏။ ဟာရုတ်ရေတွင်းနားမှ စတင်ပြီး မောရေတောင်သို့၊ ထို့နောက် ယော်ဒန်ချိုင့်ဝှမ်းအထိ ရောက်ရှိခဲ့ကြသည်။ ဂိဒေါင်သည် ရန်သူများကို ယော်ဒန်မြစ်တစ်ဖက်ကမ်းအထိ လိုက်လံချေမှုန်းပြီး အောင်ပွဲဆင်ခဲ့သည်။—တရားသူကြီး ၆:၃၃-၈:၁၂။

“ကောင်းမွန်သောပြည်ကို ကြည့်လော့” မြေပုံတွင် အဓိကနေရာများနှင့် သက်ဆိုင်ရာမြေမျက်နှာသွင်ပြင်များကို ဖော်ပြထားသည်။ နောက်မြေပုံ (စာမျက်နှာ ၁၅) တစ်ခုက ဣသရေလမျိုးနွယ်စုများ၏ နယ်မြေများကို ဖော်ပြသည်။ ကျမ်းစာမှတ်တမ်း တိကျမှန်ကန်ကြောင်းကို ၎င်းမြေပုံနှစ်ခုက နားလည်စေနိုင်သည်။

ယင်းက ပါမောက္ခဟောင်း ယိုဟန်နန် အဟာရိုနီ၏ ဤတွေ့ရှိချက်ကို ပံ့ပိုးပေးသည်– “ကျမ်းစာနယ်မြေတွင် ပထဝီနှင့် သမိုင်းသည် ယင်းတို့ချင်း မည်မျှကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်နေသနည်းဟူမူ တစ်ခုကိုမသိလျှင် နောက်တစ်ခုကို နားမလည်နိုင်သည့်အထိဖြစ်သည်။”

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများထုတ်ဝေခဲ့။

[Picture Credit Line on page 32]

နောက်ခံမြေပုံ– Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ