သီချင်း ၁၃၀
ခွင့်လွှတ်တတ်ကြပါ
ပုံနှိပ်စာပေ
	- ၁။ သေခြင်း ပျောက်ကွယ်စေပြီး - တို့များ အပြစ်လွတ်စေဖို့၊ - ယေဟောဝါ သားတော်မှတစ်ဆင့် - မေတ္တာနဲ့ စီမံပေးထား။ - တို့များ စစ်မှန်နောင်တရရင်၊ - ခရစ်ရွေးဖိုး အခြေပြုပြီး - နာမဖြင့် ခွင့်လွှတ်မှုတောင်းရင်၊ - အပြစ်လွှတ်ခြင်း ခံရနိုင်။ 
- ၂။ ဘုရားနည်းကို ကျင့်သုံး၊ - အချင်းချင်း အပြစ်လွှတ်ပြီး - ထောက်ထားမှုနဲ့ မေတ္တာပြရင် - ကရုဏာတော် ခံရမယ်။ - ခံရပ်သည်းခံ အချင်းချင်းကို၊ - စိတ်ထိခိုက်စရာ ဖယ်ရှားကြ၊ - ညီအစ်ကိုချင်း ဂုဏ်တင်ချီးမွမ်းပြီး - အကောင်းဆုံးနည်း မေတ္တာပြကြ။ 
- ၃။ ကရုဏာဟာ တို့များ - ပြုစုအပ်သော ကောင်းကျင့်ဖြစ်။ - ဖယ်ရှားပေး မကျေမချမ်းမှု၊ - အမုန်းတရားရဲ့ နာကြည်းမှု။ - သာလွန်မေတ္တာရှင် ယေဟောဝါ၊ - တို့များ တုပကြသောခါ၊ - အပြစ်လွှတ်လိုစိတ် တိုးပွားမယ်၊ - ဘုရားနဲ့ တို့တူကြမယ်။