သီချင်း ၂၁၉
ယေဟောဝါရှင်ကောင်းကင်ပလ္လင်
၁။ အိုမြတ်ယေဟောဝါသာဘုရားပင်၊
စိုးရွံ့ဖွယ်ဘုန်းတော်ရှင် မြင့်မားလှပလ္လင်
မြစိမ်းရောင်သက်တန့်ထွန်းလင်းဝိုင်းထား
ကိုယ်တော် ငြိမ်းချမ်း တည်ငြိမ် ကြည်လင်သော ဘုရား
၂။ “သက်ကြီးနှစ်ဆယ့်လေးပါး” ဝတ်ဖြူဆင်
ယဇ်မင်းမှုထမ်းခရစ်နှင့်ပင် ခန့်ညားအမြင်
သတ္တဝါလေးပါးသြဘာပေးကြ
ဉာဏ်တရားစွမ်းအားမေတ္တာ ချီးမွမ်းနာမ
၃။ လျှပ်ပြက်မိုးကြိုးထံတော်မှ ပေါ်လာ
သမ္မာတရားသံ အားလုံးကြား ဂရုစိုက်ပါ
ဖန်တူပင်လယ်စင်ကြယ်မှုပြောနေ၊
နှုတ်တော်ရေတွင်အားလုံးဆင်း သန့်ရှင်းလှပေ
၄။ ဤကောင်းကင်ရူပါ ချီးမွမ်းစေပါ၊
ကိုယ်တော်အနန္တဘုရားသန့်ရှင်းဖြောင့်မှန်
ယေရှုကယ်တင်ရှင်စိုးစံဘုရင်၊
ကိုယ်တော်အားဖြင့် ထံတော်ဝင် ဂုဏ်ပြုလျက်ပင်