ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၄ စာ. ၁-၆
  • သင့်ညီအစ်ကိုများကို သိကျွမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ညီအစ်ကိုများကို သိကျွမ်းခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့”
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင့်ညီအစ်ကိုများကို သိကျွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၈/၉၄ စာ. ၁-၆

သင့်ညီအစ်ကိုများကို သိကျွမ်းခြင်း

၁ ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် ကျွန်ုပ်တို့၏တော်စပ်ပုံသည် သူတို့နှင့်အတူ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများ တက်ခြင်းထက်မကဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော် ဆောင်ရွက်သူများဖြစ်ကြ၏။ ယင်းကြောင့် ကျွန်ုပ်တို့သည် ယေရှုနှင့် ဝိညာဉ်ရေးအရ တော်စပ်ကြသည်။ (မာ. ၃:၃၄၊ ၃၅) ၎င်းမှတစ်ဆင့် ကျွန်ုပ်တို့ချစ်ကြရမည်ဟု အမိန့်ရရှိထားသော ခရစ်ယာန်အသင်းတော်ရှိ ဝိညာဏညီအစ်ကို ညီအစ်မများနှင့် ဝိညာဉ်ရေးအရ ဆွေမျိုးရင်းချာမိသားစု ဖြစ်လာစေသည်။ (ယော. ၁၃:၃၅) ထို့ကြောင့် “ဘုရားသခင်၏အိမ်တော်သား” များနှင့် ပေါင်းသင်းဆက်ဆံသူတို့သည် အချင်းချင်းတစ်ဦးကိုတစ်ဦး သိကျွမ်းရန် ကြိုးစားအားထုတ်သင့်သည်။—ဧ. ၂:၁၉။

၂ သင့်ညီအစ်ကိုများအား နာမည်နှင့်တကွ သိကျွမ်းပါ– သင့်အသင်းတော်စာအုပ်ကြီးသင်တန်းရှိ ညီအစ်ကိုညီအစ်မအားလုံး၏ နာမည်များကို သိရှိပါသလော။ အများအားဖြင့် အုပ်စုငယ်သောကြောင့် အားလုံး၏နာမည်မဟုတ်သည့်တိုင် အများစု၏နာမည်ကို သိရှိရန် လွယ်ကူပါသည်။ သူတို့နာမည်များကိုပင် မသိလျှင် သူတို့အား သိကျွမ်းသည်ဟု ဆိုနိုင်ပါမည်လော။

၃ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးလာတက်သူ ကလေးသူငယ်များပါအပါအဝင် အခြားသူတို့ကို သိကျွမ်းခြင်းကော။ လူနည်းစုနှင့်သာ ပေါင်းသင်းလိုသည့်သဘော ရှိကောင်းရှိမည်။ အချို့သူများနှင့် ပုံမှန်ပေါင်းသင်းရသည်မှာပျော်ရွှင်မည် မှန်သော်လည်း လူနည်းစုနှင့်သာ နှုတ်ဆက်စကားပြောခြင်း၊ တည်ဆောက်အားပေးခြင်းနှင့် မကျေနပ်သင့်ချေ။ ကျွန်ုပ်တို့နှလုံးကို “ကျယ်ဝန်း” စေပြီး ညီအစ်ကိုညီအစ်မအားလုံးကို သိကျွမ်းဖို့ ကြိုးစားသင့်သည်။ (၂ ကော. ၆:၁၁-၁၃) ထိုသို့ပြုဖို့ရန် သူတို့နာမည်ကိုပါ သိကျွမ်းခြင်း ပါဝင်မည်မှာအမှန်။

၄ အသင်းတော်အစည်းအဝေးများကို ကိုင်ခွင့်ရသော ညီအစ်ကိုများသည် တက်ရောက်သူအားလုံး၏ နာမည်ကိုသိရန် ကြိုးစားသင့်သည်။ စင်မြင့်ပေါ်မှ တစ်ဦးစီအား နာမည်ဖြင့်ခေါ်လိုက်ခြင်းသည် သူတို့အဖြေကို တန်ဖိုးထားသည်ဟု ခံစားစေရုံမက အခြားသူများအားလည်း သူတို့၏ နာမည်ကို သိရှိစေပါသည်။ ပရိသတ်တွင် တက်ရောက်ခါစလူသစ်များ သို့မဟုတ် ဧည့်သည်များ အမြဲရှိလိမ့်မည်ဖြစ်ရာ လူတိုင်း၏နာမည်ကို ကြိုသိထားရန် ခဲယဉ်းမည်မှာအမှန်။ သို့တိုင် အစဉ်အမြဲအဟုတ်ကြိုးစားခြင်းက အားပေးတည်ဆောက်မှုဖြစ်စေရုံမက တစ်ဦးချင်းစီကို အမှန်စိတ်ဝင်စားကြောင်း ထင်ရှားစေသည်။—ရော. ၁:၁၁၊ ၁၂။

၅ အကျွမ်းတဝင်ဖြစ်လာရန် အစအဦးပြုလုပ်ဆောင်လေ– နယ်လှည့်ကြီးကြပ်မှူးများသည် ညီအစ်ကိုညီအစ်မ မြောက်မြားစွာနှင့် အများအားဖြင့်အကျွမ်းတဝင်ရှိလာနိုင်သည်။ မည်သို့အားဖြင့်နည်း။ အဓိကနည်းသုံးနည်းဖြင့်ဖြစ်သည်။ (၁) သူတို့နှင့် လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်သည်; (၂) သူတို့၏အခြေအနေ ခွင့်ပြုသည့်အလျောက် သူတို့၏ဖိတ်ခေါ်ချက်ကိုလက်ခံ၍ အိမ်များထံ လည်ပတ်ကြသည်; နှင့် (၃) အစည်းအဝေးများတွင် လူကြီးလူငယ်အားလုံးကို အစအဦးပြု နှုတ်ဆက်စကားပြောဆိုကြသည်။

၆ သင့်ညီအစ်ကိုများကို ပိုမိုသိကျွမ်းလာ၍သင့်အပေါင်းအသင်းများကို ကျယ်ဝန်းစေနိုင်မည့် နည်းလမ်းများ တွေ့မြင်ပါသလော။ လယ်ကွင်းလုပ်ငန်းတွင် အဖော်အဖြစ် မိမိနှင့်အတူ လိုက်ရန် အခြားသူများကို ဖိတ်ခေါ်နိုင်သည်။ တစ်အိမ်မှတစ်အိမ်သွားခြင်း၊ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများ ကျင်းပခြင်း သို့မဟုတ် မဂ္ဂဇင်းများနှင့်အတူ လမ်းပေါ်သက်သေခံခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းတို့သည် အကျွမ်းတဝင် ဖြစ်လာနိုင်ရန် နည်းလမ်းကောင်းများဖြစ်သည်။ ထို့ပြင် တစ်ခါတစ်ရံ အတူတကွ ထမင်းစားရန်၊ မုန့်ပဲသရေစာ စားကြရန် မိမိအိမ်သို့ အလည်အပတ်လာဖို့ ခေါ်ဖိတ်ခြင်းသည်လည်း နည်းလမ်းကောင်းပင်ဖြစ်သည်။ လူသစ်များထံလည်းကောင်း၊ ရှက်ကြောက်တတ်သူများထံလည်းကောင်း မိမိကစတင်ချဉ်းကပ်ခြင်းသည် သူတို့အား ​ဝိညာဉ်​ရေးဘက် တည်ဆောက်မှု ဖြစ်စေရုံမက အကျိုးများစွာ ဖြစ်ထွန်းစေသည်။—တ. ၂၀:၃၅; ၁ သက်. ၅:၁၁။

၇ ပေါလုသည် ညီအစ်ကိုများနှင့် အကျွမ်းတဝင်ရှိခဲ့သည်။ သူရေးသောစာများတွင် သူတို့၏နာမည်ကိုဖော်ပြခဲ့ခြင်းက သူတို့အရေးကို အမှန်စိတ်ဝင်စားရုံမက တကယ်လည်း ချစ်ခင်ကြောင်း ထင်ရှားစေသည်။ (၁ သက်. ၂:၁၇; ၂ တိ. ၄:၁၉၊ ၂၀) ကျွန်ုပ်တို့၏ညီအစ်ကိုများကို သိကျွမ်းရန် ကြိုးစားအားထုတ်ခြင်းသည် အားလုံးအတွက်ကောင်းကြီးမင်္ဂလာများ ဖြစ်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ