ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၄ စာ. ၁
  • သူတို့သက်သေမခံဘဲ မနေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့သက်သေမခံဘဲ မနေကြ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအများရှေ့သက်သေခံခြင်း အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • သတင်းကောင်းဝေငှခြင်း—ညနေပိုင်းအချိန်တွင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • “စေ့စေ့စပ်စပ်သက်သေခံ” ရာတွင် ဝီရိယရှိလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • သင်သည် အလွတ်သဘောသက်သေခံရန် အသင့်ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၉/၉၄ စာ. ၁

သူတို့သက်သေမခံဘဲ မနေကြ

၁ ယေဟောဝါသက်သေများ ဟူသည့် ကျွန်ုပ်တို့၏အမည်သည် ကျွန်ုပ်တို့အား ခွဲခြားသိမှတ်စေ၍ ကျွန်ုပ်တို့၏လုပ်ငန်းအဘယ်အရာဖြစ်သည်ကို ဖော်ပြသည်။ ကျွန်ုပ်တို့၏ ဘုရားသခင်ယေဟောဝါ၏ ထူးမြတ်ခြင်းများကို သက်သေခံကြသည်။ (ဟေရှာ. ၄၃:၁၀၊ ၁၂) အသင်းသားတစ်ဦး ဖြစ်လာဖို့ဆိုလျှင် ဤသက်သေခံခြင်းလုပ်ငန်း၌ တစ်ဦးချင်းစီ ပါဝင်ရမည်။ တစ်အိမ်မှတစ်အိမ်သွားခြင်း၊ အလွတ်သဘောသက်သေခံခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းနှင့် ကျမ်းစာသင်အံမှုများ ကျင်းပခြင်းတို့ပါဝင်သည့် ကျွန်ုပ်တို့၏ဓမ္မအမှုကို ဆောင်ရွက်ခြင်းအားဖြင့် သက်သေခံခြင်းလုပ်ငန်းကို အဓိကပြုလုပ်ကြသည်။ ယင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ဖို့ ကျွန်ုပ်တို့အားလုံး အမှန်ပင်အားပေးတိုက်တွန်းခံရသည်။—၁ ကော. ၁၅:၅၈။

၂ သို့ရာတွင် အသင်းသားအချို့သည် အကန့်အသတ်ဖြင့်သာ ပါဝင်နိုင်ကြ၏။ အသည်းအသန် မကျန်းမာခြင်း၊ သို့မဟုတ် ချည့်နဲ့ခြင်းကြောင့် အိမ်တွင်းအောင်းရပေမည်။ အတိုက်အခံပြုသော ဆွေမျိုးများက အကြီးအကျယ် တားဆီးပိတ်ပင်ပေမည်။ မယုံကြည်သောမိဘတစ်ဦးကြောင့် လူငယ်တစ်ဦးသည် ချုပ်ချယ်ခံရပေမည်။ သီးခြားရပ်ကွက်များတွင် နေထိုင်သူတို့သည် လမ်းပန်းဆက်သွယ်မှုမကောင်းသဖြင့် သက်သေမခံနိုင်ဟု ယူမှတ်မည်။ ရှက်တတ်သောဗီဇကြောင့် ရှက်ကြောက်တတ်သူများက မဝံ့မရဲ ဖြစ်နေမည်။ ဤသို့သော သို့မဟုတ် ထပ်တူအခြေအနေမျိုးတွင်ရှိ ကြေညာသူအချို့က မိမိတို့သည် အခြားသူတို့လုပ်ကိုင်သမျှကို မလုပ်ကိုင်နိုင်၊ ကိုယ်တိုင်ပြုလုပ်လိုစိတ် ရှိသမျှပင် မပြုလုပ်နိုင်သည့်အတွက် ခရစ်ယာန်အရည်အချင်း မပြည့်မီပါဟု ကိုယ့်ကိုယ်ကို ယူမှတ်နေပေမည်။ မိမိ၏ကြိုးပမ်းမှုကိုမိမိ အထင်သေးစရာမလိုပါ။ (ဂလ. ၆:၄) မိမိ၏အခြေအနေသည် မည်သို့ပင်ရှိသော်လည်း မိမိအတတ်နိုင်ဆုံး ပြုမူဆောင်ရွက်ခြင်းကို ယေဟောဝါ နှစ်သက်တော်မူကြောင်း သိထားခြင်းက စိတ်သက်သာမှု ရရှိစေသည်။—လု. ၂၁:၁-၄။

၃ ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာခြင်း– ခက်ခဲသောအခြေအနေများရှိသူတို့သည် သူတို့တွေ့ကြုံရသည့် အနှောင့်အယှက်များက သူတို့သက်သေခံခြင်းကို တားဆီးခွင့်မပြုခဲ့ကြကြောင်း ထောင်ပေါင်းများစွာသော တွေ့ကြုံမှုများက ပြသလျက်ရှိသည်။ မိမိဘက်မှအစပြုလုပ်နိုင်စွမ်းကိုအသုံးပြုကာ အလွတ်သဘောသက်သေခံရန် နည်းမျိုးစုံကို သူတို့ကြံဖန်ထားကြပြီ။ အိမ်တွင်းအောင်းရသူများသည် တယ်လီဖုန်းကိုအသုံးပြုကာ သက်သေခံရန် အခွင့်အရေးရှာယူခဲ့ပြီ။ အလည်အပတ်ရောက်လာသူတိုင်းအား သတင်းကောင်းနားထောင်မည့်သူတစ်ဦးအဖြစ် ယူမှတ်ကြသည်။ အတိုက်အခံပြုသော မိသားစုအဝင်ရှိ ဇနီးဖြစ်သူသည် အိမ်ထဲတွင် သက်သေခံခွင့် မရနိုင်သော်လည်း အိမ်နီးချင်းများ၊ သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာ ဆောင်ရွက်စဉ် အခွင့်အရေးရှာယူကာ တွေ့ဆုံသမျှသူတို့အား သက်သေခံနိုင်သည်။

၄ လူအများအား သက်သေခံခြင်းလုပ်ငန်း၌ မပါဝင်ရန် မယုံကြည်သူ မိဘက လူငယ်တစ်ဦးအား တားမြစ်ထားပေမည်။ ယင်းကို မကျော်လွှားနိုင်သော ပိတ်ပင်တားဆီးမှုအဖြစ် ခံယူထားမည့်အစား ကျောင်းနေဖက်များ၊ ဆရာဆရာမများအား ကိုယ်ပိုင် “ရပ်ကွက်” အဖြစ်သဘောထားကာ ကောင်းစွာသက်သေခံနိုင်၍ ကျမ်းစာသင်အံမှုများကိုပင် စတင်နိုင်ပေမည်။ ဝေးလံသော အရပ်ဒေသများတွင် နေထိုင်သူများစွာတို့သည် စာရေးခြင်းအားဖြင့် ပါဝင်နိုင်ခဲ့ကြပြီ။ “ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာလည်းကောင်း” ရှောင်ကြဉ်ရန် နည်းလမ်းတစ်မျိုးမျိုးကို ခရစ်ယာန်ဇွဲလုံ့လရှိသူများ ရှာဖွေတတ်ကြသည်။—၂ ပေ. ၁:၈။

၅ သက်သေခံခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းနှင့်စပ်လျဉ်း၍ “စိုးလ်အပြည့်အဝ” ပါဝင်သင့်သည့် စံနှုန်းတစ်မျိုးတည်းကိုသာ အားလုံးအတွက် ယေဟောဝါချမှတ်ထားတော်မူသည်။ (ကော. ၃:၂၃၊ ကဘ) ကျွန်ုပ်တို့ပါဝင်ချိန်နှင့် စွမ်းဆောင်နိုင်မှုသည် တစ်ဦးနှင့်တစ်ဦး တူမည်မဟုတ်သော်လည်း တစ်မျိုးတည်းသော စေ့ဆော်မှုကို အားလုံးခံစားရသည်။ ယင်းကား “နှလုံးအပြည့်အဝ” စစ်မှန်သောချစ်ခြင်း ရှိခြင်းတည်း။ (၅ ရာ. ၂၈:၉၊ ကဘ; ၁ ကော. ၁၆:၁၄) မိမိလုပ်ဆောင်မှုသည် အနည်းငယ်သာဖြစ်သော်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်နေကြမည်ဆိုလျှင် ယုံကြည်ခြင်းအားနည်းသည်၊ သို့မဟုတ် အသင်းသားများအဖြစ် အသုံးမကျသူဖြစ်သည်ဟူ၍ ကိုယ့်ကိုယ်ကိုယူမှတ်စရာအကြောင်း မရှိပါ။ ကျွန်ုပ်တို့သည် ‘အကျိုးပြုစရာ တစ်စုံတစ်ခုကိုမျှ မထိမ်မဝှက်။ လူစုဝေးရာ၌ ဟောပြော၍ သွန်သင်ပေး’ ခဲ့ပြီဟု ပေါလုပြောဆိုခဲ့သကဲ့သို့ မှန်မှန်ကန်ကန် ပြောဆိုနိုင်ကြပါလိမ့်မည်။—တ. ၂၀:၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ