ကျောင်းပြန်တက်ကြပြီ
၁ ဤရာသီတွင် လုပ်ကိုင်လေ့ရှိ လုပ်ငန်းရပ်တို့နှင့် ကျွန်ုပ်တို့အများစုသည် အလုပ်များနေကြစဉ် ကျွန်ုပ်တို့၏လူငယ်များသည် ကျောင်း၌ အလုပ်များနေကြသည်။ ပျော်ရွှင်စရာများကို ခံစားရရန် စောင့်မျှော်နိုင်သကဲ့သို့ စိတ်ထင့်စရာများလည်း အနည်းငယ်ရှိသည်။ လူငယ်များစွာသည် ဆရာအသစ်များနှင့် ဆက်ဆံရမည်၊ သင်ရိုးအသစ်များသင်အံရမည်၊ သူစိမ်းများဖြစ်သော ကျောင်းသားကျောင်းသူတို့နှင့် တရင်းတနှီး ပေါင်းသင်းကြရလိမ့်မည်။ ကျွန်ုပ်တို့၏လူငယ်များသည် ကျောင်းအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်လိုမည်။ ကျောင်းနေဖက်တို့နှင့် သင့်မြတ်လိုမည်။ သို့သော် ဝိညာဉ်ရေးကိုထိခိုက်နိုင်မည့် မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း သတိရသင့်သည်။—၁ ကော. ၁၅:၃၃။
၂ သက်သေခံကလေးများနှင့် လူငယ်တို့အတွက် အဓိကစိုးရိမ်သင့်သည်ကား ယနေ့တိုင်းနိုင်ငံအတော်များများတွင် ပညာရေးစနစ်အပေါ် စိမ့်ဝင်ပျံ့နှံ့နေသည့် လောကသြဇာ၏ စွန်းထင်းပေကျံမှုကို ရှောင်ကြဉ်ရန် ဖြစ်သည်။ ခရစ်ယာန်လူကြီးလူငယ်မရွေး စာရိတ္တရေးနှင့်စပ်လျဉ်း၍ ယခုအားပေးအားမြှောက်ပြုနေသော လောကစံနှုန်းများနှင့် အတွေးအခေါ်ကို ငြင်းပယ်ခြင်းငှာ သတ္တိရှိရမည်။ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို လှန်လှောရှာဖွေ လေ့လာပြီး ယင်း၏လမ်းပြမှုကို ခံယူခြင်းအားဖြင့် ‘သတိမူနေ’ ရမည်။ (ဆာ. ၁၁၉:၉) စိတ်ပူရမည့်မိဘများသည် ကျောင်းသင်ရိုးညွှန်းတမ်းတွင် အဘယ်အကြောင်းများပါဝင်သည်ကို သိထားဖို့လိုသည်။ သို့မှသာ သင့်တော်သော လမ်းပြညွှန်ကြားမှုကို သားသမီးများအား ပေးနိုင်ကြမည်။ ကျောင်း သို့မဟုတ် အခြားတစ်နေရာတွင် သွန်သင်ပေးသောအကြောင်းသည် ယေဟောဝါ၏ကျေးကျွန်တို့တွင် ရှိဖို့လိုအပ်သော မြင့်မြတ်သန့်ရှင်းခြင်း၊ စာရိတ္တစင်ကြယ်ခြင်းနှင့် ဆန့်ကျင်မည်ဆိုလျှင် ယင်းကို ရှောင်ကြဉ်ရမည်။—၁ ပေ. ၁:၁၅၊ ၁၆။
၃ မျိုးချစ်စိတ်နှင့်ပတ်သက်သော အခမ်းအနားများ၊ ပွဲနေ့ကို ကျင်းပခြင်းများ၊ အားကစားနှင့်ဆိုင်သော လုပ်ငန်းများ သို့မဟုတ် လူမှုရေးမိတ်ဆုံပွဲများဆိုင်ရာ ပြဿနာများလည်း ကြုံကြိုက်လေ့ရှိမည်။ School and Jehovah’s Witnesses ဘရိုရှာသည် ခရစ်ယာန်လူငယ်များအတွက် ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ များစွာအထောက်အကူပြုမည်။ ငယ်ရွယ်သောကလေးတို့၏ မိဘများသည် ဤစာစောင်ကို ဆရာဆရာမများအား ကြိုတင်ပေးထားခြင်းအားဖြင့် နောက်ပိုင်းပေါ်လာနိုင်သည့် ပြဿနာများကို ကျော်လွှားနိုင်ရန်၊ သို့မဟုတ် လျော့နည်းစေရန် စီစဉ်ထားနိုင်သည်။ အချို့သောလုပ်ငန်းရပ်များတွင် ယေဟောဝါသက်သေများသည် အဘယ်ကြောင့် မပါဝင်နိုင်ကြောင်းကို ဆရာအား သဘောပေါက်စေရန် ယင်းစာစောင်သည် အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း ရှင်းပြနိုင်ပါသည်။ ဤအကြောင်းအရာများကို ဆရာအားသိရှိစေခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ကို ဖန်တီးထားရာရောက်မည်။
၄ ထို့ပြင် ခရစ်ယာန်ကျောင်းသူကျောင်းသားများအနေနှင့် ကိုယ်ပိုင် School ဘရိုရှာကို ကျောင်းတွင်လေ့လာသော စာအုပ်စာတမ်းများနှင့်အတူထားလျှင် ကောင်းပေမည်။ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို အာရုံစူးစိုက်လာကြသောအခါ မေးခွန်းများထုတ်ကြသည့် အခြားကျောင်းသူကျောင်းသားများကို သက်သေခံနိုင်ခွင့် ပေါ်ပေါက်စေတတ်သည်။ ၎င်းပြင် သက်သေခံကလေးများသည် မိမိတို့၏ Advance Medical Directive Release ဆေးဘက်ဆိုင်ရာကတ်ပြား သို့မဟုတ် စိစစ်ရေးကတ်ပြားကို နှစ်တိုင်းလဲ၍ သက်သေများပါဝင်ကာလက်မှတ်ထိုးပြီး ကိုယ်ပေါ်တွင် အမြဲဆောင်ထားသင့်သည်။ ဤသြဝါဒကို လိုက်နာသူများသည် ‘အမှုကိုမြော်မြင်၍ ပုန်းနေတတ်သော သမ္မာသတိရှိသောသူ’ နှင့် အမှန်တကယ်ပင် တူပါလိမ့်မည်။—သု. ၂၂:၃။