သီချင်း ၈၆
မေတ္တာတရားပွားများစေခြင်း
၁။ ယေဟောဝါရှင်မေတ္တာနှင့်ပေးထား၊
မြေကြီးပေါ်ရှိ မှုတော်ဆောင်များအား
သစ္စာရှိရန်လိုတော်ဖြည့်စွက်၊
လိုအပ်ဆုလာဘ်အမျိုးမျိုးတွက်
ဝိညာဉ်တန်ခိုး သူတို့နားလည်၊
များစွာအသီးသီးကြရာဝယ်
သတိထူးပြု လုပ်ကိုင်မည်မှာ၊
နှိုင်းယှဉ်မရအသီးမေတ္တာ
၂။ မှုတော်ဆောင်ရန် အရည်အချင်းများ၊
စိတ်ရှည်စွာနှင့်ကြိုးစား လေ့ကျင့်ထား
အထူးဂရုစိုက်ထုတ်ကြလျက်၊
စုံလင်သည်ထက်စုံလင်ဖို့တွက်
သိုးကဲ့သို့သောသူကျွေးမွေးရာ
ဉာဏ်ကိုသုံးရုံမလုံလောက်ပါ
ခံစားရာကောင်းချီး မျှဝေလျှင်
စိတ်ရောကိုယ်ပါ ပေးမှအောင်မြင်
၃။ တိုးတက်ခြင်းရဖို့ ကြိုးစားနေစဉ်၊
ငြိမ်သက်ခြင်း တရားကိုရှေ့ ရှုမြင်
အမှားစိတ်ရှည် သည်းခံနိုင်စွမ်း၊
အားနည်း သူ၏ ဝန်ကိုကူထမ်း
သေးနုပ်လှဆုံး ကိစ္စရေးရာ၊
ကိုယ်ကျိုးကိုပင် လုံးဝမရှာ
မေတ္တာအသီးပြည့်ဝသီးပါ၊
ဘုရားရှင်နှင့်တို့တူညီလာ