ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁ စာ. ၃-၄
  • သမ္မာကျမ်းစာကို ကျွန်ုပ်တို့လိုအပ်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာကို ကျွန်ုပ်တို့လိုအပ်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝေဖန်သူများနှင့် သံသယဖြစ်သူများ
  • လမ်းပြမှု လိုအပ်နေ
  • တစ်ခုတည်းသော အခြားရွေးချယ်စရာ
  • ယုံကြည်စိတ်ချလောက်သော လမ်းပြမှုကို သင်အဘယ်မှာ ရှာတွေ့နိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဒီနိုးလော့!စာစောင်မှာ- ကျမ်းစာက ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    နိုးလော့!—၂၀၁၉
  • သမ္မာကျမ်းစာ—ယခုခေတ်လူသားများအတွက် လက်တွေ့ကျ လမ်းညွှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သမ္မာကျမ်းစာနှင့်အသင်
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁ စာ. ၃-၄

သမ္မာကျမ်းစာကို ကျွန်ုပ်တို့လိုအပ်ပါသလော

ရုရှားအမျိုးသမီးငယ် ဩခစာနာသည် မော်စကိုမြို့ လမ်းဘေးတွင်ချရောင်းသော စာအုပ်သည်တစ်ဦးထံ၌ သမ္မာကျမ်းစာတစ်အုပ် တွေ့ရှိသဖြင့် အလွန်ဝမ်းသာအားရဖြစ်ခဲ့သည်။ ကျမ်းစာကို လွတ်လပ်စွာ ဝယ်ယူနိုင်သည့်နိုင်ငံသားဖြစ်သော သူမ၏အဖော် ဂျောန်အတွက် ဩခစာနာ၏ စိတ်အားထက်သန်မှုသည် စွဲမှတ်စရာဖြစ်သွားသည်။ “ကျွန်တော်—ဘုရားမဲ့ဝါဒီဖြစ်သူ—သူ့အတွက် ဝယ်ပေးချင်ခဲ့တယ်” ဟုသူဝန်ခံသည်။ အစကနဦးတွင် ဩခစာနာလက်မခံ ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံး ဂျောန်၏လက်ဆောင်ကို သူမ လက်ခံယူလေသည်။

ဩခစာနာနည်းတူ သမ္မာကျမ်းစာကို ပိုင်ဆိုင်လိုသူမြောက်မြားစွာရှိပါသည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ ကျမ်းစာကိုပိတ်ပင်တားမြစ်ထားသည့် နိုင်ငံများတွင် ဤဆန္ဒပြင်းပြကြပါသည်။ ဥပမာ၊ ဤမဂ္ဂဇင်းကိုထုတ်ဝေသူများသည် ယခင်ဆိုဗီယက်သမ္မတနိုင်ငံများနှင့် အခြားအရပ်ဒေသများရှိ ကျမ်းစာရလိုသူများအတွက် အတတ်နိုင်ဆုံး ကြိုးစားထုတ်လုပ်ပုံနှိပ်ပေးနေပါသည်။ ဤဒေသသားများသည် ကျမ်းစာကို ယခုမှ စတင်စစ်ဆေးလေ့လာနိုင်၍—ယင်း၏တန်ခိုးပါသောတရားတော်ကို နှစ်သက်မြတ်နိုးသူများစွာ တွေ့ရှိနေရပါသည်။

ဝေဖန်သူများနှင့် သံသယဖြစ်သူများ

တစ်ဖက်မှကြည့်ပြန်လျှင် အထူးသဖြင့် မြောက်ဥရောပတွင် သမ္မာကျမ်းစာကို စာအုပ်စင်ပေါ်တင် ဘေးချိတ်ထားကာ ဖုံကပ်စေခဲ့ကြပြီ။ အချို့က “တမလွန်ခေတ်က သမိုင်းပါ။ အခြားခေတ်သားများတွက် ရေးသားထားတာ။ ယခုခေတ်လူသားနှင့် လုံးဝမဆိုင်ပါဘူး” ဟုပြောဆိုကြပါသည်။ နာမည်ကျော်ကြားသော ဓမ္မဆရာများပင်လျှင် ကျမ်းစာကိုရှုတ်ချပြောဆိုခဲ့ကြပြီ။ အင်္ဂလီကန်ဂိုဏ်းချုပ် ဒဲစမန် တူတူက “ယာယီသက်သက် အတွက်သာဖြစ်သည့် ကျမ်းစာအစိတ်အပိုင်းအချို့ရှိသည်” ဟုဆိုခဲ့ဖူးကြောင်း တောင်အာဖရိက သတင်းစာ The Star တွင်ဖော်ပြထားသည်။ ဤကဲ့သို့သောစကားများကြောင့် သမ္မာကျမ်းစာကို မည်မျှအလေးအနက်ထားရမည်နည်းဟု သိလိုသူများစွာရှိသည်။

လမ်းပြမှု လိုအပ်နေ

ဤကမ္ဘာသည် လက်တွေ့ကျဖြေရှင်းနည်းများကို ယခင်ကထက် ယခုသာ၍ လိုအပ်နေကြောင်း ဝေဖန်သူများနှင့် ယုံကြည်သူများပါ ဝန်ခံကြရမည်။ “လူသည် ကိုယ်ရေးကိုယ်တာနှင့် လူ့အဖွဲ့အစည်းတွင် အပြောင်းအလဲနှုန်းကို အလျင်အမြန်မထိန်းချုပ်ပေးနိုင်လျှင် အကြီးအကျယ် . . . ပျက်ပြားယိုယွင်းရတော့မည်” ဟုအဲလ်ဗန် တော်ဖလာရေးသားသည့် Future Shock စာအုပ်တွင် သူဖော်ပြပါသည်။ ထိုသတိပေးချက်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကပေးခဲ့သည်။ တောဖလာပြောသည့် ပျက်ပြားယိုယွင်းမှုသည် ယခုပင် ဖြစ်ပျက်နေဟန်တူသည်။

ဤရာစုနှစ် ကုန်ခါနီးအချိန်တွင် စက်မှုလက်မှုဘက် တိုးတက်သမျှနှင့် လူ့အတွေးအခေါ်များသည် ကမ္ဘာ့တည်တံ့ရေးကို မဆောင်ရွက်ပေးနိုင်ပါ။ ကမ္ဘာသစ်အစီအစဉ် ပေါ်ပေါက်လာရန်အတွက် မကြာမီကမျှော်မှန်းခဲ့ကြရာ ယခုစိတ်အပျက်ကြီးပျက်ကုန်၍ လူအများသည် ဆက်အသက်ရှင်နိုင်ရေးအတွက် နေ့စဉ်လုံးပမ်းနေရသည့် အခြေအနေသို့ဆိုက်ရောက်နေကြပေပြီ။

လူကုံထံနှင့်နွမ်းပါးသူများစပ်ကြား စီးပွားရေးအခြေအနေသည် အလွန်ကွဲပြားခြားနားနေကြောင်း စာရင်းဇယား အချက်အလက်များက တင်ပြပါသည်။ ကမ္ဘာ့စည်းစိမ်ဥစ္စာ၏ ၈၂.၇ ရာခိုင်နှုန်းသည် လူဦးရေ ၂၀ ရာခိုင်နှုန်းမျှ၏ လက်ထဲတွင်သာရှိကြောင်း နောက်ဆုံးသုတေသနပြုချက်က ဖော်ပြပါသည်။ ယင်းကြောင့် နိုင်ငံများစွာတွင် စစ်မှု၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါ၊ ဆူပူအုံကြွမှုများနှင့် မင်းမဲ့အခြေအနေ ဖြစ်ပွားနေခြင်းသည် အံ့ဩစရာဖြစ်ပါသလော။ လူနေမှုအဆင့်အတန်း ကျဆင်းနေခြင်းကို ကြိုးစားဖြေရှင်းနေရခြင်းသည် လူတို့အတွက် ကြီးမားသောအကျပ်အတည်း ဖြစ်စေပြီ။ ယင်းကြောင့် လူ့အဖွဲ့အစည်း၏အခြေခံဖြစ်သော မိသားစုပင်လျှင် ပျက်ပြားဆုတ်ယုတ်နေပါသည်။

တော်ဖလာနည်းတူပင် များစွာသောသူတို့က “အခြေခိုင်ဖို့ နည်းသစ်နည်းဆန်းများ ရှာဖွေယူ” ရန်လူ့တာဝန်ဖြစ်သည်ဟု အကြံပြုကြသော်လည်း လူတို့သည် ကိုယ့်ပြဿနာကိုယ် မဖြေရှင်းပေးနိုင်ကြောင်း သာဓကရှိသည်။

တစ်ခုတည်းသော အခြားရွေးချယ်စရာ

လွန်ခဲ့သော အနှစ် ၃,၅၀၀ ခန့်က စတင်ရေးသားခဲ့သော သမ္မာကျမ်းစာသည် နှစ်ရာစုပေါင်းများစွာတစ်လျှောက် မပြောင်းမလဲခဲ့ပါ။ ယင်း၏မူဝါဒများသည် တည်မြဲတည်နေပါသည်။ ဥပမာ၊ ယေရမိ ၁၀:၂၃ ပါစကားများသည် ယခင်ကထက် ယနေ့ တိကျမှန်ကန်ကြောင်း ထင်ရှားလာပေပြီ။ “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” လူသည် မိမိသွားရာလမ်းကို မစီရင်တတ်လျှင် မည်သူ စီရင်ပေးနိုင်သနည်း။ လမ်းခရီးကို စီရင်ပေးနိုင်တော်မူရှင် တစ်ပါးတည်းကို သမ္မာကျမ်းစာ ညွှန်ပြထား၏။ “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။”—ဟေရှာယ ၄၈:၁၇။

ကိုယ့်ကိုယ်ကို ကူညီဖေးမတတ်ရန် သမ္မာကျမ်းစာအားဖြင့် ယေဟောဝါသွန်သင်ပေးတော်မူသည်။ သွားလာရမည့်လမ်းစဉ်ကို ညွှန်ပြသော အကြံပြုချက်များစွာ ပါရှိပါသည်။ ယင်းကိုရေးမှတ်တော်မူသည့် အချိန်ကကဲ့သို့ပင် ကျမ်းစာသြဝါဒသည် ယခုခေတ်နှင့်လည်း သက်ဆိုင်နေပါသည်။ မျက်မှောက်ခေတ်အတွက် သမ္မာကျမ်းစာ၏ လက်တွေ့ကျမှုကို နောက်ဆက်တွဲဆောင်းပါးတွင် လေ့လာသုံးသပ်ကြည့်ကြမည်။ ကျန်းမာရေးမှအစ ချမ်းသာရေး၊ မိသားစုဘဝနှင့် ပုဂ္ဂလိကအပြုအမူ အစရှိသောကိစ္စအဝဝတွင် ရွေ့လျားပြောင်းလဲတတ်သည့် သဲကဲ့သို့သော မျက်မှောက်ကာလတွင် သမ္မာကျမ်းစာသည် တည်မြဲခိုင်ခံ့သောကျောက်ဆောင်ပမာဖြစ်သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မျက်မှောက် အုံကြွသောလောကအတွင်း သမ္မာကျမ်းစာသည် ခိုင်ခံ့မြဲမြံသော ကျောက်ဆူးဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ