သီချင်း ၈၁
ဘုရားသည်းခံသည့်အတွက်ကျေးဇူးတင်
၁။ ယေဟောဝါရှင်၊ တန်ခိုးမြှင့်တင်၊
အလှပြုပြင်၊ သင့်တင့်ချိန်တွင်
ဤအချက်ပင် သက်သေ ပေါ်ထင်၊
ကမ္ဘာတစ်ပြင် အထက်ကောင်းကင်
ထိုသောအလှမှ စိတ်ရွှင်ပျ၊
များနှစ်သက်ရာ ဖြောင့်မတ်သစ္စာ
ပိုလှပရာ သူတို့မြင်မှာ၊
အောင်မင်္ဂလာ စိုးစံချိန်ခါ
၂။ ဘုရားဇောထက်၊ ဖြောင့်မတ်မှုတွက်၊
ခဏဆုံးရက် ယုတ်မာကုန်ပျက်
ကယ်တင်ခြင်းကား တို့များခံစား၊
ကိုယ်တော် မြစ်တားအဖျက်စွမ်းအား
နာမခံယူသူအားလုံးပင်၊
ချီးမွမ်းဆိုတေး၊ ဆုကျေးဇူးတင်
သည်းခံခြင်းပြခဲ့၍မြင်လို၊
စိုးပိုင်တော်မူခြင်း ဘုန်းတော်ကို
၃။ သည်းခံခြင်းအား၊ တို့မပြစ်မှား၊
သတင်းကောင်းများ၊
ဟောချိန်လေးစား
ဘုရားဂုဏ်တော်လူများကိုဖော်၊
နှုတ်ကပါဌ်တော်ထွန်းလင်းထင်ပေါ် ကိုယ်တော်ကူမ
ရှင်းသောလမ်းပြ ကယ်တင်ခြင်းစ၊
ရစေလိုလှ တို့နှင့်ထိုခါ၊
အလှမြင်မှာ၊ အောင်မင်္ဂလာ၊ ဘုရင့်အာဏာ