ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၅ စာ. ၁၀-၁၁
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၅ စာ. ၁၀-၁၁

သင်ခန်းစာ ၅

ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း

အဘယ်ကြောင့် ကမ္ဘာမြေကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့ရသနည်း။ (၁၊ ၂) ကမ္ဘာမြေသည် ယခုအဘယ်ကြောင့်ပရဒိသုတစ်ခု မဖြစ်သနည်း။ (၃) ဆိုးသွမ်းသောလူများ အဘယ်သို့ ဖြစ်သွားကြမည်နည်း။ (၄) ဖျားနာသူ၊ အသက်အရွယ်ကြီးရင့်သူ၊ သေလွန်သူတို့အတွက် အနာဂတ်၌ အဘယ်အမှုကို ယေရှုပြုတော်မူလိမ့်မည်နည်း။ (၅၊ ၆) အနာဂတ်ကောင်းချီးများကို ခံစားရရန် သင်အဘယ်အမှုကိုပြုဖို့ လိုအပ်သနည်း။ (၇)

၁။ ဤကမ္ဘာမြေကို ယေဟောဝါဖန်ဆင်းခဲ့ရခြင်းမှာ ၎င်းအပေါ်၌ လူသားများ ထာဝစဉ်မွေ့လျော်နေထိုင်နိုင်ရန်အတွက်ဖြစ်၏။ ကိုယ်တော်သည် ကမ္ဘာမြေပေါ်၌ ဖြောင့်မတ်၍ ရွှင်လန်းသောလူသားများကို အမြဲတမ်းနေထိုင်သွားစေလိုတော်မူ၏။ (ဆာလံ ၁၁၅:၁၆; ဟေရှာယ ၄၅:၁၈) ကမ္ဘာမြေသည် ဘယ်တော့မျှ ဖျက်ဆီးခံရလိမ့်မည်မဟုတ်; ယင်းသည် ထာဝစဉ်တည်တံ့သွားလိမ့်မည်။—⁠ဆာလံ ၁၀၄:၅; ဒေသနာ ၁:⁠၄။

၂။ ဘုရားသခင်သည် လူသားကိုမဖန်ဆင်းမီ ကမ္ဘာမြေ၏အစိတ်အပိုင်းငယ်လေးတစ်ခုကို ရွေးချယ်၍ လှပသောပရဒိသုတစ်ခုဖြစ်စေတော်မူခဲ့၏။ ယင်းကို ဧဒင်ဥယျာဉ်ဟု ကိုယ်တော်ခေါ်ဆိုတော်မူသည်။ ဤနေရာ၌ပင် လူယောက်ျားနှင့် လူမိန်းမဖြစ်သော၊ အာဒံနှင့် ဧဝကို နေထိုင်စေတော်မူခဲ့၏။ သူတို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်မှာ သားသမီးများမွေးပြီး ကမ္ဘာမြေတစ်ခုလုံးကို ပြည့်စေရန် ဖြစ်တော်မူ၏။ သူတို့သည် တဖြည်းဖြည်းနှင့် ကမ္ဘာမြေတစ်ခုလုံးကို ပရဒိသုဖြစ်စေကြရမည်။—⁠ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၁၅။

၃။ အာဒံနှင့်ဧဝသည် ဘုရားသခင့်ပညတ်တော်ကို တမင်တကာချိုးဖောက်ခြင်းအားဖြင့် အပြစ်ပြုခဲ့ကြ၏။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို ဧဒင်ဥယျာဉ်၏ပြင်ပသို့ နှင်ထုတ်လိုက်သည်။ ပရဒိသု ပျောက်ဆုံးသွားခဲ့ရပေပြီ။ (ကမ္ဘာဦး ၃:၁-၆၊ ၂၃) သို့သော် ဤကမ္ဘာမြေအတွက် ကိုယ်တော်၏ရည်ရွယ်ချက်ကို ဘုရားသခင်မေ့လျော့တော်မမူ။ လူသားများ ထာဝစဉ်နေထိုင်သွားကြမည့် ပရဒိသုတစ်ခုဖြစ်အောင် ယင်းကိုပြုလုပ်ပေးရန် ကိုယ်တော်ကတိပြုတော်မူ၏။ ယင်းကို ကိုယ်တော် မည်သို့ ပြုလုပ်မည်နည်း။—⁠ဆာလံ ၃၇:၂၉။

၄။ ဤကမ္ဘာမြေကြီး ပရဒိသုဖြစ်လာနိုင်ရန် ဆိုးသွမ်းသောလူများကို ရှင်းပစ်ရမည်။ (ဆာလံ ၃၇:၃၈) ၎င်းသည် ဆိုးသွမ်းမှုကို နိဂုံးချုပ်ပစ်မည့် ဘုရားသခင်၏စစ်ပွဲဖြစ်သောအာမဂေဒုန်၌ဖြစ်လိမ့်မည်။ ထို့နောက် စာတန်သည် အနှစ် ၁,၀၀၀ ချုပ်နှောင်ခံရလိမ့်မည်။ ဤအရာက ကမ္ဘာမြေကိုဖျက်ဆီးရန် ဆိုးသွမ်းသူများ ကျန်ရစ်လိမ့်မည်မဟုတ်ကြောင်းကို ဆိုလို၏။ ​ဘုရား​သခင်၏လူမျိုးတော်သာ အသက်ရှင်ကျန်ရစ်လိမ့်မည်။—⁠ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၂၀:၁-၃။

၅။ ထိုနောက် ယေရှုခရစ်သည် ဘုရင်အဖြစ် ဤကမ္ဘာမြေကို အနှစ် ၁,၀၀၀ အုပ်စိုးတော်မူလိမ့်မည်။ (ဗျာဒိတ် ၂၀:၆) ကိုယ်တော်သည် ကျွန်ုပ်တို့၏စိတ်နှင့် ခန္ဓာကိုယ်အတွင်းမှ အပြစ်တရားကို တဖြည်းဖြည်းဖြေပေးတော်မူမည်။ ကျွန်ုပ်တို့သည် အာဒံနှင့်ဧဝတို့ အပြစ်မလုပ်မီကကဲ့သို့ပင် စုံလင်သောလူသားများဖြစ်လာကြမည်။ ထို့နောက် ဖျားနာခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းနှင့် သေခြင်း ရှိတော့မည်မဟုတ်။ ဖျားနာသောလူများ ကျန်းမာလာကြကာ အိုသောသူများ အသက်အရွယ်နုပျိုလာကြလိမ့်မည်။—⁠ယောဘ ၃၃:၂၅; ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၃၊ ၄။

၆။ ယေရှု အနှစ်တစ်ထောင်အုပ်ချုပ်စဉ်ကာလအတွင်း သစ္စာရှိလူသားများသည် ကမ္ဘာမြေတစ်ခွင်လုံးကို ပရဒိသုတစ်ခုဖြစ်လာဖို့ရန် ကြိုးစားအားထုတ်ကြလိမ့်မည်။ (လုကာ ၂၃:၄၃) သန်းပေါင်းများစွာသော သေလွန်သူတို့လည်း ကမ္ဘာမြေပေါ်တွင် လူသားအသက်တာဘဝသို့ ရှင်ပြန်ထမြောက်လာလိမ့်မည်။ (တမန်တော် ၂၄:၁၅) သူတို့ထံမှ ဘုရားသခင်တောင်းဆိုတော်မူရာများကို လုပ်ဆောင်ကြမည်ဆိုလျှင် ကမ္ဘာမြေပေါ်၌ ထာဝစဉ်ဆက်၍နေထိုင်သွားရကြလိမ့်မည်။ သို့မဟုတ်ပါက ထာဝစဉ်ဖျက်ဆီးခံရလိမ့်မည်။—⁠ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၀:၁၁-၁၅။

၇။ ဤသို့ အားဖြင့် ကမ္ဘာမြေအတွက် ဘုရားသခင့်မူလရည်ရွယ်ချက် အောင်မြင်လိမ့်မည်တည်း။ ဤအနာဂတ်ကောင်းချီးများကို သင်ခံစားလိုပါသလော။ ခံစားလိုပါက ယေဟောဝါအကြောင်း ဆက်၍လေ့လာပြီး ကိုယ်တော်တောင်းဆိုတော်မူရာများကို နာခံရန် လိုအပ်သည်။ ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ၌ စည်းဝေးများကိုတက်ရောက်ခြင်းက ထိုအရာတို့ကိုလုပ်ဆောင်ရန် သင့်အားအကူအညီဖြစ်စေပေလိမ့်မည်။—⁠ဟေရှာယ ၁၁:၉; ဟေဗြဲ ၁၀:၂၄၊ ၂၅။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပရဒိသု ပျောက်ဆုံးသွားခြင်း

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

အာမဂေဒုန်ပြီးနောက် ကမ္ဘာမြေသည် ပရဒိသုဖြစ်လာပါလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ