သီချင်း ၂၂၀
တို့ပရဒိသု—နောင်နှင့်ခု
၁။ အံ့ဖွယ်ယေဟောဝါတို့ချီးမွမ်းပါ၊
ဝိညာဏပရဒိသာ
ပတ္ထနာစည်းဝေးသင်အံမှုမှ၊
ထောက်ကူပြုရာပညာရ
အိုကြီးမြတ်လှဆုရှင်၊
ကျေးဇူးတင်ရှိကြ
ကိုယ်တော်ရှင်မှုတော်တွင်၊
တို့နားစက် ပျော်ရွှင်
စစ်မှန်မေတ္တာ ကိုယ်တော်နှင့်လူတွက်၊
ခိုင်မာ နှောင်ကြိုးတကာထက်
ဘယ်မျှစည်းလုံးကြ မှုဆောင်ရာမှာ၊
တို့ဘယ်ခါမလဲစေရာ
၂။ ကိုယ်တော်တရား ခန့်ခွဲစီမံခြင်း၊
ကိုယ်တော်အပ်နှင်း ခရစ်တော်မင်း
ကိုယ်တော်.လက်ယာ ပလ္လင်ပေါ်စိုးစံ၊
ရှိလေသမျှ ပေါ်စိုးစံ
ချီးမွမ်းရာယေဟောဝါ၊
ထိုတွက်တို့ကြေညာ
အလိုတော်မြတ်အံ့ချီး၊
ကိုယ်တော်တွက်စုစည်း
အိုကျင့်ကြံထိုက်ရာမြဲသက်သေပြ၊
ဟောကြားသတင်းကောင်းများမှ
ဘယ်ခါမျှ ထိမိမလဲကြ၍
သိုးတူလူ သင်ရန်ရှာဖွေ
၃။ နေ့ရက်တော်ကြီးတွင် ထိုစစ်ပွဲကြီး၊
မြတ်ယေဟောဝါတိုက်ခိုက်ပြီး
မာရ်နတ်နှင့်သူ့နတ်ဆိုးတူတကွ၊
နက်ရှိုင်းလှ တွင်းသို့ပစ်ချ
ရှေးကိုယ်တော်. ကျွန်များမှာ၊
သင်္ချိုင်းမှထလာ
မှုတော်ဆောင်ရွှင်လန်းစွာ၊
မြေပရဒိမှာ
လူများစုံလင်ပြည့်မီရာကူမ၊
ကိုယ်တော်.သားတော်ယဇ်မင်းမှ
ဤကမ္ဘာမှာကန့်သတ်မဲ့ချိန်ခါ၊
ထံတော်မှုရောက်လာဝမ်းသာ