သီချင်း ၄၇
ယေဟောဝါရှင်သည်၊ ငါတို့ခွန်အားတန်ခိုးတော်ဖြစ်
၁။ မြင့်မြတ်ယေဟောဝါ တန်ခိုးနှင့် ခွန်အား
သင်မူ ကယ်တင်ရှင် သင်တို့၌ပျော်ရွှင်
တို့မှာ သင့်သက်သေများ သတင်းဟောကြား
လူများနာကြားများ မာနလွန်ဆန်ငြား
(ထပ်ဆိုရန်)
၂။ ခရစ်သားတော်ဖြင့် ငြိမ်သက် ပျော်ရွှင်မှုရှာ
ကန်းခဲ့မျက်လုံး မြင်သစ္စာ ပွားမဆုံး
ရှာသမ္မာတရား အမိန့်တော်ကိုကြား
တို့စိတ်ဆုံးဖြတ် မြတ်ယေဟောဝါဘက်ရပ်
(ထပ်ဆိုရန်)
၃။ ဝမ်းမြောက်စွာ ဘုရားလိုတော် ဆောင်လျက်သား
စာတန်ရိုက်နှက်ငြား ဆက်ယုံကြည်ကိုးစား
တို့အားသူသတ်ငြား အိုမစသနား
သက်သေခံမစဲ သစ္စာတည်ကြည်မြဲ
(ထပ်ဆိုရန်)
ယေဟောဝါအရှင်တို့ကျောက်၊ တို့စွမ်းအင်
နာမတော်ပြောကြား၊ နေ့ညမခြင်း
မြင့်မြတ်ယေဟောဝါ အနန္တရှင်ပါ
သင်ကားတို့ပုန်းကွယ်ရာ တို့ရဲတိုက်သာ