“ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်” စည်းဝေးကြီးမှ ကျွန်ုပ်တို့အကျိုးခံစားရမည်
၁ မကြာမီ ၁၉၉၈ “ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်” ခရိုင်စည်းဝေးကြီးကို ကျွန်ုပ်တို့တက်ရောက်ကြမည်။ ကျွန်ုပ်တို့အားလုံး ဤစည်းဝေးကြီးကို တက်ရောက်နိုင်ရန်အသင့်ဖြစ်ဖို့ လိုအပ်သည့်အစီအစဉ်များ ပြုလုပ်ထားသင့်၏။ အထူးကောင်းမွန်သောစုဝေးခြင်းတွင် ကြွယ်ဝသောဝိညာဉ်အစာကိုမှီဝဲရန် မပျက်ကွက်ပါနှင့်။
၂ ဤနှစ်စည်းဝေးကြီးများ၏ အပြည်ပြည်ဆိုင်ရာအသွင်အပြင်သည် အမှန်ပင် ပီတိဖြစ်စရာကောင်းသည်။ နိုင်ငံခြားတိုင်းပြည်များမှ သာသနာပြုများနှင့် အခြားကိုယ်စားလှယ်များသည် ကျွန်ုပ်တို့တက်ရောက်သည့်စည်းဝေးကို တက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ “သာသနာပြုလယ်ကွင်းတွင် အမှုဆောင်ခြင်း” ဟူသည့် သောကြာနေ့မွန်းလွဲပိုင်းဟောပြောချက်တွင် တွေ့ ကြုံမှုကောင်းများကို ကျွန်ုပ်တို့အားလုံးကြားရကြမည်။ ကမ္ဘာတစ်ဝန်းမှ “ရိတ်သိမ်းခြင်းလုပ်ငန်း၏ တိုးတက်မှုမှတ်တမ်းများ” ကိုစည်းဝေးကြီးတွင် နေ့စဉ်တင်ပြသွားမည်ဖြစ်သည်။
၃ အထူးကောင်းမွန်သည့် အသစ်ထုတ်ဝေမှုများ– သောကြာနေ့နောက်ဆုံးဟောပြောချက်က မရေမတွက်နိုင်သော သမ္မာတရားကိုမသိသူများမေးကြသည့် “တမလွန်ဘဝရှိပါသလော” မေးခွန်းကိုဖြေပေးပါလိမ့်မည်။ စိတ်ဝင်စားစရာအကောင်းဆုံး ထိုဟောပြောချက်က ရှင်ပြန်ထမြောက်ခြင်း၌ ကျွန်ုပ်တို့၏ယုံကြည်မှုကို ပို၍ခိုင်မာစေမည်မှာသေချာသည်။ ဤဟောပြောချက်က လူသေတို့၏အခြေအနေအမှန်ကို သိရှိရန်ကူညီပေးပြီး ပူဆွေးကျန်ရစ်သူများအား ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဖြင့် နှစ်သိမ့်ပေးမည်ဖြစ်သည်။
၄ စနေနေ့မွန်းလွဲပိုင်းအစီအစဉ်ကို “ဖန်ဆင်းရှင်—ကိုယ်တော့်ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များ” ဟူသည့်ဟောပြောချက်ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား ဖန်ဆင်းရှင်တစ်ပါးရှိရမည်ဟူ၍ ကျိုးကြောင်းညီညွတ်စွာဖြင့် ကောက်ချက်ချစေသည်။ ယေဟောဝါကိုဝတ်ပြုလိုသူတိုင်း ဤဟောပြောချက်ကို မလွတ်သင့်ပါ။ ယင်းက ယေဟောဝါ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ကိုယ်တော့်ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကို တန်ဖိုးထားလေးမြတ်မှုတိုးပွားစေမည်ဖြစ်သည်။ ယင်းသည် အထူးသဖြင့် လောကီပညာ ကောင်းစွာသင်ခဲ့ရသော်လည်း ဘုရားသခင်ကိုမယုံကြည်သူများအား ကူညီပေးမည်ဖြစ်သည်။
၅ လှိုက်လှိုက်လှဲလှဲ သန္နိဋ္ဌာန်ပြုခြင်း– စည်းဝေးကြီး၏နောက်ဆုံးဟောပြောချက်က “ယေဟောဝါ၏လမ်းစဉ်၌ ဆက်လျှောက်လှမ်းနေ” ရန် ကျွန်ုပ်တို့အားလုံးအတွက် လိုအပ်ချက်ကို အလေးပေးတင်ပြသည်။ ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်၏သာလွန်မြင့်မြတ်မှုကို အမြဲကိုင်စွဲ၊ ထောက်ခံ၊ တိုးမြှင့်မည်ဟူသည့် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသောသန္နိဋ္ဌာန်ကို လူသိရှင်ကြားကြေညာရခြင်းသည် မည်မျှသင့်လျော်ပါသည်တကား! (ဟေရှာ. ၃၀:၂၁) ယခု ကျွန်ုပ်တို့သည် ဤသန္နိဋ္ဌာန်များနှင့်အညီနေထိုင်ရန် ဆုံးဖြတ်ကြရမည်။ “ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်” စည်းဝေးကြီးကိုတက်ရောက်ခြင်းဖြင့် မည်မျှကောင်းမွန်လှသည့် ဝိညာဉ်ရေးမြှင့်တင်ပေးမှုကို ကျွန်ုပ်တို့ခံရကြမည်တကား!