ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဝေငှခြင်း
၁ “ကမ္ဘာသစ် [ဘာသာပြန်ကျမ်း] သည်လေ့လာဆည်းပူးထိုက်၏။ ယင်းသည် လှုံ့ဆော်မှုဖြစ်စေပြီး အသက်ဝင်နေသကဲ့သို့ရှိရာ စာရှုသူအား စဉ်းစားဆင်ခြင်ကာ လေ့လာမှုပြုစေ၏။ တန်းမြင့်ဝေဖန်သူများ၏ ပြုစုရေးသားချက်မဟုတ်ဘဲ ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကိုဂုဏ်တင်သော ပညာရှင်များ၏ပြုစုရေးသားချက်ဖြစ်၏။” နာမည်ကြီးဟေဗြဲနှင့်ဂရိဋီကာဆရာတစ်ဦးက ထိုအတိုင်းဖော်ပြခဲ့သည်။ ကျွန်ုပ်တို့သဘောတူပါသည်။ ဒီဇင်ဘာလတွင် အသိပညာစာအုပ်နှင့်အတူ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဝေငှသည့်အခါ ၎င်းကျမ်းအပေါ် ထပ်တူလေးမြတ်မှုရှိလာရန် အခြားသူများကို ကျွန်ုပ်တို့မည်သို့ကူညီနိုင်သနည်း။
၂ အချို့လူတို့က “ကျွန်တော့်မှာ ကျမ်းစာရှိထားပြီးပြီ။ တခြားကျမ်းစာမလိုတော့ဘူး” ဟုတုံ့ ပြန်ကြပေမည်။ ကျွန်ုပ်တို့၏တာဝန်မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် အခြားကျမ်းစာတစ်အုပ်မျှသာမဟုတ်ကြောင်း သူတို့သိမြင်လာရန် ကူညီပေးဖို့ဖြစ်သည်။ ၎င်းသည် မူရင်းစာသား၏အဓိပ္ပာယ်ကို တိတိကျကျထိန်းသိမ်းထားကာ ယခုခေတ်ဘာသာစကားဖြင့် လုံးစေ့ပတ်စေ့ဘာသာပြန်ထားသောကျမ်းဖြစ်သည်။ ၁ ကောရိန္သု ၁၀:၂၅ တွင် “သားသတ်ရုံ” (ဂျိမ်းဘုရင်သာသာပြန်ကျမ်း) ကဲ့သို့သောစကားလုံးအား “အသားဈေး” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ဟူ၍ပြန်ဆိုထားသည်ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ၎င်းကျမ်း၏သာလွန်ကောင်းမွန်သည့်အသွင်တစ်ရပ်ကို ပြသနိုင်သည်။
၃ သို့ရာတွင် လူအနည်းငယ်သာ ကျမ်းစာကိုဖတ်ကြပြီး နေ့စဉ်အသက်တာနှင့်စပ်လျဉ်းသည့် ၎င်း၏မူများကို နားမလည်ကြပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် မိမိတို့၏အသက်တာအပေါ် အကောင်းဘက်သြဇာညောင်းနိုင်ကြောင်းနှင့် ရိုးသားမှု၊ စာရိတ္တ၊ မိသားစုဘဝတို့နှင့်စပ်လျဉ်းသည့် ၎င်း၏သြဝါဒကို လိုက်လျှောက်ခြင်းသည် ယခုခေတ်ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် မိမိတို့အားကူညီပေးနိုင်ကြောင်း သူတို့သိရှိရန်လိုပါသည်။ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။
၄ အကြံပြုထားသောတင်ဆက်နည်းတစ်ခု “ဒီလောက်လျင်မြန်စွာပြောင်းလဲနေတဲ့ မျက်မှောက်ခေတ်စာရိတ္တစံနှုန်းတွေနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာဖြစ်မှုကြောင့် ဘဝမှာ ယုံကြည်စိတ်ချရတဲ့လမ်းညွှန်လိုတယ်ဆိုတာ မိတ်ဆွေသဘောတူသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာဟာ ရှေးအကျဆုံးစာအုပ်တစ်အုပ်ဖြစ်ပေမဲ့ မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုနဲ့ ပျော်ရွှင်တဲ့မိသားစုဘဝအတွက် လက်တွေ့ကျအကြံဉာဏ်ကိုပေးပါတယ်။” ထို့နောက် အသိပညာစာအုပ်၊ အခန်း ၂ ကိုဖွင့်ပြီး ၂ တိမောသေ ၃:၁၆၊ ၁၇ အပါအဝင် အပိုဒ် ၁၀ နှင့် အပိုဒ် ၁၁ ၏ပထမဝါကျကိုဖတ်ပါ။ စိတ်ဝင်စားမှုပြလျှင် အသိပညာစာအုပ်ကိုဝေငှပါ၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို ရှင်းပြပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဝေငှပါ။ တောင်းဆိုဘရိုရှာဖြင့် သင်အံမှုစလျှင် ပိုကောင်းမည်ဟု သင်ယူဆပါက ယင်းကိုပြုလုပ်နိုင်သည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၉-၁၅ တွင်ထပ်ဆင့်သင့်လျော်သောနိဒါန်းများကို သင်တွေ့ရှိမည်ဖြစ်သည်။
၅ အထူးကောင်းမွန်သောကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း တင်ပြကြစို့။ ဒီဇင်ဘာလတွင် ၎င်းကို ဇွဲရှိရှိဝေငှခြင်းဖြင့် ယင်းကိုပြုလုပ်နိုင်ပါသည်။