ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၉ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၅/၉၉ စာ. ၇

မေးခွန်းသေတ္တာ

▪ မိဘတို့သည် လယ်ကွင်းလုပ်ငန်းတွင် မိမိတို့၏ကလေးငယ်များပါဝင်သည့်အခါ သတိပြုသင့်သည့်အရာများကား အဘယ်နည်း။

ခရစ်ယာန်မိဘတို့သည် မိမိတို့၏သားသမီးများကို လယ်ကွင်းဓမ္မအမှုတွင် သူတို့နှင့်အတူ တော်မှန်စွာ ခေါ်ဆောင်သွားကာ အခြားသူများအား နိုင်ငံတော်သတင်းကောင်းကိုဝေမျှရန် လေ့ကျင့်ပေးကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရပ်ကွက်၌ အန္တရာယ်များပေါ်ပေါက်လာနိုင်သောကြောင့် “လုံခြုံမှုရှိသော” ဝန်းကျင်များ၌ပင် မိမိတို့၏ကလေးငယ်များကို သတိဝီရိယနှင့်စောင့်ကြည့်နေရန်လိုသည်။ ကျွန်ုပ်တို့အသက်ရှင်နေရသည့် ဤ “ခဲယဉ်းသောကာလ” တွင်လောဘရမ္မက်နှင့် လိင်ဆိုင်ရာယိုယွင်းဖောက်ပြန်မှုတိုးပွားနေသောကြောင့် အကြမ်းဖက်မှုနှင့် မတော်မတရားမှု၏သားကောင်များဖြစ်ရသောကလေးများတိုးများလာသည်။ (၂ တိ. ၃:၁-၅) မိဘတို့သည် အမဲဖမ်းလိုကြသူများမှ မိမိတို့၏ကလေးငယ်များကိုကာကွယ်ရန် အကျိုးသင့်အကြောင်းသင့်ရှိသော ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်လိုသည်။ ဘာပြုလုပ်နိုင်သနည်း။

အန္တရာယ်ကိုကြိုမြင်ရန် သတိရှိဖို့နှင့် ကြိုတင်တွက်ဆဖို့ သမ္မာကျမ်းစာက ပညာရှိစွာသြဝါဒပေးထားသည်။ (သု. ၂၂:၃; မ. ၁၀:၁၆) ဤတွင် ရည်ရွယ်ချက်မှာ စည်းမျဉ်းများထုတ်ရန်မဟုတ်သော်လည်း လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သည့်အခါ မိဘ သို့မဟုတ် အခြားလူကြီးတစ်ဦးသည် ကလေးတစ်ဦးနှင့်အတူလိုက်ပါခြင်းသည် ပညာရှိရာရောက်၏။ စဉ်းစားချင့်ချိန်နိုင်သောငယ်ရွယ်သည့်ကြေညာသူနှစ်ဦး အတူတွဲအမှုဆောင်လျှင် မိဘ သို့မဟုတ် အခြားလူကြီးတစ်ဦးက သူတို့ကို အချိန်တိုင်းကြည့်ရှုပေးခြင်းသည် သင့်လျော်ပါသည်။ အမှန်ပင်၊ ကလေးတစ်ဦးသည် ကြီးပြင်းလာကာ ပို၍စဉ်းစားချင့်ချိန်နိုင်သည်နှင့်အမျှ သူသည် မိဘတို့၏တိုက်ရိုက်အနီးကပ်စောင့်ကြပ်မှု အနည်းအကျဉ်းလိုမလို မိဘတို့ဆုံးဖြတ်နိုင်သည်။—နိုဝင်ဘာ ၁၉၉၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာကိုလည်းရှု။

ကားဖြင့်ခရီးသွားသည့်အခါနှင့် လမ်းလျှောက်သည့်အခါများတွင်လည်း လုံခြုံမှုရှိရန် အမြဲဂရုစိုက်ခြင်းသည် ပညာရှိရာရောက်၏။ သင့်လျော်သည့်ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းသည် မတော်တဆဖြစ်မှုများနှင့် ဝမ်းနည်းဖွယ်ရာထိခိုက်နာကျင်မှုဝန်ထုပ်များ၊ ဆေးဖိုးဝါးခနှင့် ကျွန်ုပ်တို့၏ဝန်းကျင်ရှိ ပို၍ပို၍အမှုလိုလားသောလောကတွင်ဖြစ်နိုင်သည့် ဥပဒေအရတာဝန်မကင်းဖြစ်မှုများမှ တားဆီးပေးလေ့ရှိပါသည်။

“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုချီးမွမ်း” ခြင်းသည် ငယ်ရွယ်သူများအတွက် သင့်လျော်ပါသည်။ (ဆာ. ၁၄၈:၁၂၊ ၁၃) လယ်ကွင်းဓမ္မအမှုတွင်ပါဝင်စဉ် သူတို့၏နှစ်လိုဖွယ်စကားများနှင့် အမူအကျင့်ကောင်းက အခြားသူများကို အလွန်စွဲမှတ်စေကာ ယေဟောဝါအား ဂုဏ်တင်ရာရောက်စေသည်။ ထိုထက်ကား မိဘတို့၊ ပေါ်ပေါက်လာနိုင်သော မည်သည့်အန္တရာယ်များမှမဆို သားသမီးများအားကာကွယ်ရန် သင်တို့အစဉ်နိုးနိုးကြားကြားရှိနေသည်နှင့်အမျှ သတင်းကောင်းကြွေးကြော်ရာတွင် မှန်မှန်ပါဝင်ရန် သူတို့အားကူညီပေးပါလေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ