ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၇ စာ. ၁၄-၁၅
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၇ စာ. ၁၄-၁၅

သင်ခန်းစာ ၇

ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း

မှန်မှန်ဆုတောင်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (၁)

မည်သူ့ထံသို့ ဆုတောင်းသင့်ပြီး မည်သို့တောင်းလျှောက်ရမည်နည်း။ (၂၊ ၃)

ဆုတောင်းရန်အတွက် သင့်လျော်သောအကြောင်းအရာများကား အဘယ်နည်း။ (၄)

မည်သည့်အချိန်၌ ဆုတောင်းသင့်သနည်း။ (၅၊ ၆)

ဆုတောင်းချက်အားလုံးကို ဘုရားသခင်နားညောင်းတော်မူသလော။ (၇)

၁။ ဆုတောင်းခြင်းဟူသည် ဘုရားသခင်ထံသို့ နှိမ့်ချစွာဖြင့် စကားပြောဆိုခြင်းဖြစ်၏။ ဘုရားသခင်ထံ မှန်မှန်ဆုတောင်းသင့်၏။ သို့ ဖြင့် သင်သည်အလွန်ချစ်ခင်မြတ်နိုးသောမိတ်ဆွေတစ်ဦးအဖြစ် ကိုယ်တော်နှင့်ရင်းနှီးနိုင်ပေမည်။ ယေဟောဝါသည် အလွန်ကြီးမြတ်၍ အစွမ်းတန်ခိုးထက်မြက်လှသည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညောင်းပေးတော်မူသည်တကား! ဘုရားသခင်ထံ အသင်မှန်မှန်ဆုတောင်းသလော။—⁠ဆာလံ ၆၅:၂; ၁ သက်သာလောနိတ် ၅:၁၇။

၂။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ဝတ်ပြုရေး၏အစိတ်အပိုင်းဖြစ်၏။ ထို့ကြောင့် ယေဟောဝါဘုရားသခင်ထံသာ ကျွန်ုပ်တို့ဆုတောင်းသင့်၏။ ကမ္ဘာမြေပေါ်၌ ယေရှုရှိစဉ်က မိမိ၏ခမည်းတော်ထံ အမြဲဆုတောင်းတော်မူခဲ့သည်။ အခြားမည်သူ့ထံမျှ ကိုယ်တော်ဆုတောင်းတော်မမူခဲ့ပေ။ ကျွန်ုပ်တို့လည်း ထပ်တူပြုလုပ်သင့်၏။ (မဿဲ ၄:၁၀; ၆:၉) သို့သော်လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်အားလုံးသည် ယေရှု၏နာမတော်ဖြင့် တောင်းလျှောက်ရမည်ဖြစ်သည်။ ယင်းက ယေရှု၏ရာထူးကို ကျွန်ုပ်တို့လေးမြတ်တန်ဖိုးထားကြောင်းနှင့် ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်း တင်ပြ၏။—⁠ယောဟန် ၁၄:၆; ၁ ယောဟန် ၂:၁၊ ၂။

၃။ ဆုတောင်းသည့်အခါ၌ ကျွန်ုပ်တို့၏နှလုံးထဲမှနေ၍ ဘုရားသခင်ထံသို့ တောင်းလျှောက်သင့်၏။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ကျက်မှတ်ထားရာများမှ သို့မဟုတ် ဆုတောင်းပတ္ထနာစာအုပ်မှ ဖတ်ရွတ်တောင်းဆိုခြင်း မဖြစ်သင့်ပေ။ (မဿဲ ၆:၇၊ ၈) ကျွန်ုပ်တို့သည် အဘယ်ရိုကျိုးသည့်အနေအထားဖြင့်မဆို၊ မည်သည့်အချိန်၊ မည်သည့်နေရာ၌ပင်ဖြစ်ပါစေ ဆုတောင်းနိုင်၏။ ​ဘုရား​သခင်သည် ကျွန်ုပ်တို့၏နှလုံးထဲမှ အသံတိတ်ဆုတောင်းချက်များကိုပင် ကြားနိုင်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁:၁၂၊ ၁၃) ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာဆုတောင်းချက်များကို တောင်းလျှောက်ရန်အတွက် အခြားသူများနှင့်ဝေးလံသော တိတ်ဆိတ်သည့်နေရာတစ်နေရာကိုရှာဖွေလျှင် ကောင်းပေမည်။—⁠မာကု ၁:၃၅။

၄။ အဘယ်အကြောင်းအရာများ တောင်းလျှောက်နိုင်သနည်း။ ဘုရားသခင်နှင့် သင်၏ရင်းနှီးမှုကို အကျိုးပြုနိုင်သည့် မည်သည့်အရာမဆိုဖြစ်၏။ (ဖိလိပ္ပိ ၄:၆၊ ၇) စံပြဆုပတ္ထနာက ကျွန်ုပ်တို့သည် ဘုရားသခင့်နာမတော်နှင့် ရည်ရွယ်တော်မူချက်အကြောင်း ဆုတောင်းသင့်ကြောင်း ဖော်ပြထား၏။ ကျွန်ုပ်တို့၏ကာယလိုအပ်ရာများကို ထောက်ပံ့ပေးရန်၊ ကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွှတ်ပေးရန်နှင့် သွေးဆောင်မှုကိုတွန်းလှန်ဖို့ ကူညီပေးပါရန်အတွက်လည်း တောင်းလျှောက်နိုင်၏။ (မဿဲ ၆:၉-၁၃) ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် တစ်ကိုယ်ကောင်းမဆန်သင့်။ ဘုရားသခင့်အလိုတော်နှင့်ကိုက်ညီသည့် အရာများအတွက်သာ ဆုတောင်းသင့်၏။—⁠၁ ယောဟန် ၅:၁၄။

၅။ ဘုရားသခင်ကို ကျေးဇူးတင်ရန် သို့မဟုတ် ချီးမွမ်းရန် သင့်စိတ်နှလုံးထဲလှုံ့ဆော်ခံရသည့် မည်သည့်အချိန်၌မဆို ဆုတောင်းနိုင်၏။ (၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃) သင်၌ ပြဿနာများရှိသည့်အခါ၊ သင့်ယုံကြည်ခြင်း စမ်းသပ်ခံရသည့်အခါ ဆုတောင်းသင့်၏။ (ဆာလံ ၅၅:၂၂; ၁၂၀:၁) အစာမစားမီ ဆုတောင်းသင့်၏။ (မဿဲ ၁၄:၁၉) ယေဟောဝါသည် ကျွန်ုပ်တို့အား “ကာလအစဉ်” ဆုတောင်းကြရန် ဖိတ်ခေါ်ထား၏။—⁠ဧဖက် ၆:၁၈။

၆။ ကြီးလေးသောအပြစ်တစ်ခုကို ကျွန်ုပ်တို့ကျူးလွန်မိပါက အထူးသဖြင့်ဆုတောင်းရန်လိုအပ်သည်။ ထိုကဲ့သို့သောအချိန်မျိုး၌ ယေဟောဝါ၏ကရုဏာနှင့် ခွင့်လွှတ်မှုကိုရရှိရန် ကျွန်ုပ်တို့အသနားခံသင့်သည်။ ကိုယ်တော့်ထံ ကျွန်ုပ်တို့၏အပြစ်ကိုဝန်ခံမည်၊ ယင်းတို့ကိုထပ်ခါထပ်ခါ မပြုမိရန် အတတ်နိုင်ဆုံးလုပ်ဆောင်မည်ဆိုလျှင် ဘုရားသခင်သည် ‘ခွင့်လွှတ်ရန် အသင့်ရှိတော်မူ၏။’—⁠ဆာလံ ၈၆:၅; သု. ၂၈:၁၃။

၇။ ဖြောင့်မတ်သူများ၏ဆုတောင်းချက်များကိုသာ ယေဟောဝါနားညောင်းတော်မူ၏။ သင့်ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူရန် ကိုယ်တော်၏ပညတ်တော်များအတိုင်း အသက်ရှင်နေထိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားရမည်။ (သု. ၁၅:၂၉; ၂၈:၉) ဆုတောင်းစဉ် နှိမ့်ချမှုရှိရမည်။ (လုကာ ၁၈:၉-၁၄) သင်ဆုတောင်းသည့်အရာများအတွက် အပတ်တကုတ်ကြိုးစားအားထုတ်ရန်လို၏။ သို့ ဖြင့် သင်၌ယုံကြည်ခြင်းရှိကြောင်းနှင့် သင်ပြောဆိုသည့်အရာများသည် အရှိကိုအရှိအတိုင်းပြောဆိုကြောင်း သက်သေထူပေလိမ့်မည်။ သို့မှသာ သင့်ဆုတောင်းချက်များကို ​ဘုရား​သခင်ဖြေကြားပေးတော်မူမည်။—⁠ဟေဗြဲ ၁၁:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ