သီချင်း ၁၈၅
ရှင်ပြန်ထမြောက်ခြင်း—ဘုရားသခင်၏ မေတ္တာပါ အစီအစဉ်
၁။ လူသား ရှင်ပြန်ထမြောက်ခြင်းကား၊
ထက်ရပ် ကရုဏာထင်ရှား
စိတ်ချဖွယ်ရာ ခရစ်ပူဇော်ပါ၊
သက်သေမဟာမေတ္တာ
ဦးစွာထမြောက်မည့်
“သိုးစုငယ်” သက်သရဖူရဖွယ်
သေသည်တိုင်သစ္စာစောင့်စစ်မှန်၊
အနှစ်တစ်ထောင်စိုးစံ
၂။ တည်ရာ “သက်သေများ မြောက်မြားလှ”၊
အသက်ဆုကျေးဇူးရ
မဟာ “ရှင်ပြန်ထသာမြတ်ရာ”၊
ကတိအတိုင်းရမှာ
တို့မျှော်လင့်နိုင်ဖွယ် “ခြားသိုးများ”၊
ခုခါသေရသော်ငြား
သင်္ချိုင်းမှစောထကြသူများ၊
ဘုရားဘုန်းတော်ထင်ရှား
၃။ အောက်မေ့ရာသင်္ချိုင်းရှိသူများ၊
ကြားကြခရစ်ယေရှုအား
ရွှင်လန်းဝမ်းမြောက်မှာ ခရစ်နှင့်တူ၊
သတ်ခံသူခိုးနည်းတူ
နှစ်တစ်ထောင် ခရစ်ဘုရင်စိုးစံ၊
နောက်ဆုံး၌စမ်းသပ်ခံ
စာတန့်ညွှတ်ကွင်းရှောင်ရှားသူများ၊
ထာဝရဆုခံစား
၄။ အို “ကျန်ကြွင်းသူ” “သိုးစုငယ်” မှ၊
“အခြားသိုး” လူတွင်းမှ
သေဆုံးခဲ့သူများကို ပြောပါ၊
တစ်ဖန်ပြန်တွေ့ကြမှာ
ထိုကြောင့်ကောင်းမှုများကိုလုပ်ကြ၊
သခင်မိန့်တော်အရ
သေခြင်းတရားမတားနိုင်ရာ၊
ရိတ်သိမ်းရာ ဆုလာဘ်သာ