သီချင်း ၉၅
ကောင်းမြတ်ခြင်းအသီး
၁။ ယေဟောဝါရှင် ထာဝရ အုပ်စိုးဘုရင်၊
ကောင်းမြတ်ခြင်း အကောင်အထည် ဖော်ပြသူပင်
ကြင်နာစွာ သားအား ကောင်းကင်မှ စေလွှတ်ပေး၊
စိတ်ကောင်းရှိလူ နောင်တရရေး ဦးဆောင်ပေး
၂။ ကောင်းမြတ်ခြင်းကြောင့် လူသားကို လွတ်မြောက်စေခဲ့၊
ဗာဗုလုန်ချုပ်နှောင်ခြင်းမှ ချမ်းသာရခဲ့
ကောင်းမြတ်ဘုရား လင်းတရားပေးရာတိုးပွား၊
အကောင်းအဆိုးကြား ခွဲခြားရာ ပိုထင်ရှား
၃။ ထိုဘုရားကောင်းမြတ်မှု တို့တုယူဖွယ်ရာ၊
ဤဝိညာဏအသီးတို့ ပျိုးထောင်ဖွယ်သာ
ရက်ရောစင်ကြယ်မြင့်မြတ်တရားတို့လိုလား၊
ထာဝစဉ်ဘုရားနှင့် ခရစ်ယေရှု ကိုးစား
၄။ ဤကောင်းမြတ်ကြီးပွားဖို့ လုပ်ဆောင်နိုင်မည်တို့၊
လေ့လာပတ္ထနာ လယ်ကွင်းတွင် ပါဝင်လို့
ညီအစ်ကိုချင်းတွေ့ဆုံရာမရှောင်အပ်ပါ၊
ကောင်းမြတ်ခြင်းနှင့် ပြည့်စုံသို့ ဆောင်ရွက်ဖွယ်ရာ